Tuesday, October 16, 2007

ထွက်မလာသော အသံများ


အသက်ကို ဥာဏ်စောင့်ဆိုတာ
ဒီဘက်ခေတ်မှာ
ဟာသလို ဖြစ်နေပါပေါ့။

မနက်ကိုလည်း ကြောက်ရ
ညကိုလည်း ကြောက်ရ
အထက်ကိုလည်း ကြောက်ရ
အောက်ကိုလည်း ကြောက်ရ
ဘ၀ဟာ ကြာတော့ခါးလာတယ်။

ကောင်းကင်လဲ ရဲရဲနီ
လမ်းတွေလဲ ရဲရဲနီ
နေရာအနှံ့မှာ
အနီရောင်တွေ ပြန့်နှံ့
ဒါဟာ
အနာဂတ်ကို သွေးနဲ့ရေးတာပေါ့။

တရားကို နတ်စောင့်တယ်
ဒီစကားကို ကြားတော့
တဟားဟား အော်ရယ်(ရီ)
စိုးရိမ်မိတယ်
သူတောင် လွတ်ရဲ့လားကွယ်။

ညီလေးရေ . . .
ညီမလေးရေ . . .
တိုးတိုးနေကွဲ့
မေမေ မလာခင်
အသံမထွက်နဲ့
ခွေးအိုကြီး ကိုက်လိမ့်မယ်။

zeRoTraSh
16th, October 2007

2 comments:

စိုးထက် - Soe Htet ! said...

ထွက်မလာတဲ့ အသံတွေကို မကြား ကြားအောင် နားထောင် နားစွင့် သွားပါတယ် ခင်ဗျား ... :)

Hay Mar said...

I'm crying... by reading the last paragraph.
Yah,..I will keep quiet.