လွမ်းပ
သောကနဲ့
ကျပ်ထုပ်ထားတဲ့ ညနေရီ
သက္ကာယ တစ်ခုကြောင့်ပဲ
အလေ့ကျပေါက်နေတဲ့ သူ့မှာ
ဒီရုပ် ဒီရည်ကလေးနဲ့
အသည်းကွဲနေရလို့တဲ့ ။
ဟောဒီမှာ
ယောင်ချာချာဖြစ်နေတဲ့ နှစ်ပရီစ္ဆေဒတွေ
လွမ်းပ
ကံတရားမျက်လုံးထဲ
အသူတစ်ရာနက်တဲ့အပြုံးရှိတာသိရက်နဲ့
သူ . . .
ခုန်ချ
လွမ်းပ
ဘာမှမပြောဘဲ နောက်ဆုတ်သွားတာ
အတုံးအရုန်းတွေကြား
ရွတ်ရွတ်ချွန်ချွန်
လွမ်းပ
အနမ်းရေ
နှလုံးသားထဲ
ဘာလို့ညာညာပြီး
ညနေစောင်းချင်ရတာလဲ
နေ့တွေလည်း ၀မ်းနည်းစွာ ပြန်သွားခဲ့
သူ့မှာ
ကမ္ဘာမရှိတော့။ ။
မောင်သိန်းဇော်
၁၉၈၆
ကျွန်တော် သဘောကျတဲ့ ကဗျာလေးပေါ့။ မန္တလေးသိန်းဇော်ရဲ့ ကဗျာတစ်ပုဒ်ပါ ခုလည်း စိတ်ထဲ ရှိနေတာနဲ့ တိုက်ဆိုင်နေလို့ ပြန်ဖတ်ရင်း တင်ပေးချင်စိတ် ပေါက်လာလို့ တင်ပေးလိုက်ပါတယ်။
Friday, April 25, 2008
ကျွန်တော် နှစ်သက်သော ကဗျာများ (၂)
Subscribe to:
Post Comments (Atom)
4 comments:
ဘာမှ မရေးတော့ ဘူး လွမ်းပ :P
လွမ်းပကွာ................
သူများရေးသလားလို့ဖတ်ကောင်းကောင်း
နဲ့ဖတ်နေတာ...အဆုံးလဲကျရော
လွမ်းပကွာ...သိန်းဇော်တဲ့...........
ဘာဘဲပြောပြောခံစားသွားပါတယ်........
လွမ်းပ...........
ဟုတ်ပါ့ သူများရေးသလားလို့
လွမ်းပ :)
Kဇော်ရဲ့ကဗျာတွေထဲမှာ ဒီတပုဒ်မဖတ်ဖူးသလိုပဲ
ကျေးဇူးတင်ပါတယ် ပြန်လည်ဖော်ပြပေးလို့
လက်ရှိခံစားချက်နဲ့တိုက်ဆိုင်နေတယ်ဆိုတော့... ဘာသူ့ကိုလွမ်းနေတာလဲ...
Post a Comment