Monday, November 24, 2008

Ten Things I Hate About Myself

၁။ အရာရာကို တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်
၂။ လူတစ်ဘက်သား မခံနိုင်မှန်းသိပေမယ့် အမှန်ဆိုရင် မပြောပဲမနေနိုင်တဲ့အကျင့်
၃။ တခါတရံ ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲတဲ့အကျင့်
၎။ အသစ်အဆန်းမဟုတ်ရင် မလုပ်ဘူးလို့ ခံယူထားတဲ့အကျင့်
၅။ ကိုယ်မှန်တယ်ထင်ရင် ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့အကျင့်
၆။ လူတွေနဲ့ရောရောထွေးထွေးနေပေမယ့် စိတ်ထဲကကျိတ်ပြီး ရှောင်ချင်နေတဲ့အကျင့်
၇။ ဆေးသောက်ထားပေမယ့် ညဘက်အိပ်မပျော်တဲ့အကျင့်
၈။ မေတ္တာတရားကို တအားငတ်မွတ်တောင့်တတဲ့အကျင့်
၉။ မရနိုင်တာကိုမှ မဖြစ်မနေလိုချင်တဲ့အကျင့်
၁၀။ စိတ်ကူးယဉ်အိပ်မက်တွေနဲ့ မွေ့ပျော်နေတတ်တဲ့အကျင့်

ဆက်ပြီးတက်ဂ်လိုက်မယ်
၁။ သမီးလေးမွန်
၂။ မခင်ဦးမေ
၃။ ကိုသင်ကာ
၎။ ဟန်သစ်ငြိမ်
၅။ ပိစိ
၆။ ကိုလင်းဦး
၇။ မကေသွယ်
၈။ မခင်မင်းဇော်
၉။ Republic
၁၀။ မောင်သုည

8 comments:

မွန် said...

တဇွတ်ထိုးလုပ်ရင်း ဂျွတ်ထိုးတတ်ခြင်း အမှန်တွေပြောလွန်းပြီး သူရာမေရယအစား မုသာဝါဒကိုဇွတ်စောင့်ထိန်းနေခြင်း မိမိကိုယ်ကို ယုံကြည်မှုလွန်ကာ ငါမမူးပါဘူးဟုပြောပြီး အမုန်းသောက်ခြင်း အသစ်တွေထွင်ရင်း ဒီအသစ်ကငါထွင်ပြီးသား အဟောင်းကြီးဖြစ်သွားပြီဟုတွေးကာ ဒေါသထွက်နေခြင်း ပတ်ဝန်းကျင်ကိုဂရုမစိုက်ပဲ မှန်ကန်တာပဲဟုဆိုပြီး မှန်မြင်တိုင်းလိုက်လိုက်ကန်နေသဖြင့် လျော်ကြေးများပေးနေရခြင်း လူတွေနဲ့ရောနေရသော်လည်း စိတ်ထဲကကျိတ်ပြီး ခွက်ပုန်းခုတ်ချင်နေခြင်း ဆေးသောက်ထားသော်လည်း နေပူရင်ပိုဆိုးလာခြင်း မေတ္တာတရားကို အင်နာဂျီပေးပါပေးပါဟု လိုက်လံတောင်းခံနေတတ်ခြင်း မရနိုင်တော့သော အဖွား၏ကြိမ်လုံးကိုမှ မဖြစ်မနေလိုချင်နေခြင်း နဖူးမှာဆံပင်တွေပြန်ပေါက်ရင် ကောင်းမှာပဲဟူသော စိတ်ကူးယဉ်အိမ်မက်တွေနှင့် ပျော်မွေ့နေခြင်း အင်းးးးးးးးးးးးးး........ ဆိုးလိုက်တဲ့အကျင့်

khin oo may said...

ဒါလေးများ…လွယ်လွယ်လေး
BUT ကိုယ့်ကိုကိုယ် အပြစ်ရှာတာ ၁၀ ချက် မပြည့်ဘူးဖြစ်နေတယ်

မောင်ပိစိ said...

မမွန် ရေးထားတာ ဖတ်ပီး သီးတောင်သီးသွားတယ်..
ဟာဟ..

အဲ.. မှန်တယ်ထင်ရင် လုပ်တတ်တာတော့ တူတယ်ဝေ့
ညဘက် အိပ်မပျော်..အင်း..တူတော့တူတယ်.. but I dont hate.. :D

ကျတော့်ကို တက်ခ်မယ်လို့ ထင်တောင်မထင်ဘူး.. ဂွတ်ထ

RePublic said...

ဘယ်က စရေးရမလဲတောင်မသိဘူးဗျာ ၊၊ မဂွိ(မkom) ပြောသလို ကိုယ့်မကောင်းကျင့်တွေဆို ကိုယ် မမြင်မိဘူး ၊၊ စုထားပြီးရေးပေးဦးမယ် (ကို)zero ရေ ၊၊ :)

လင်းဦး(စိတ်ပညာ) said...

ကျွန်တော်လည်း စိတ်ကူးတွေနဲ့ တော်တော်မွေ့လျောသား ... :)

mabaydar said...

နံပါတ် ၂ကတူနေပြီ...

Unknown said...

OMG,
Are u sure u r not my twin? :)
These all are 10 things I hate about me.

Unknown said...

I do like No.(9) but Sometimes I hate my mind.