Wednesday, December 3, 2008

နှင်းတွေကဝေလို့

နှင်းတွေကဝေလို့
မျက်လုံးတွေနဲ့ ရှာကြည့်တယ်
အဲဒီ့နှင်းတွေထဲမှာ
ဘာတွေများပါလာမလဲဆိုတာ။

အို . . .
အလွမ်းတွေ
ဖွေးဖွေးလှုပ်နေပါရော့လား
မသေချာလို့
နောက်တစ်ခါပြန်ကြည့်တယ်
ပြောပြလို့မရတဲ့
စကားလုံးတွေ ပြည့်နှက်လို့။

ငါ့အသံ မင်းကြားပါ့မလားကွယ်
ညနေခင်းလား မနက်ခင်းလား
ဝိုးတဝါးပါပဲ။

ခုနကကြည့်တဲ့ မျက်ဝန်းမှာ
မျက်ရည်တွေရွှဲလို့
မြက်ခင်းပေါ် နှင်းတွေပက်ထားသလိုပဲ။

ဒါဟာ . . .
ကလူ၏သို့မြူ၏သို့ မဟုတ်ဘူး
အလွမ်းတွေကူးခတ်နေတာပါ
ဘာပဲပြောပြောလေ
နှင်းတွေကတော့ဝေလို့ ။

4 comments:

mabaydar said...

အရမ်းနုညံ့တင်စားလွန်းတဲ့ ကဗျာတွေဆိုရင် မဗေဒါလိုက်မမှီဘူး.. ဟီး.. ဟီး.. ဒါပေမဲ့ ကဗျာတိုရင်တော့ ဖတ်တယ်.. ဒီကဗျာက အလွမ်းတွေ မျက်ရည်တွေအကြောင်းရေးထားတာ ထင်တယ်.. ဒါပေမဲ့ ရေးသူရဲ့မျက်ဝန်းလား.. သူ့ချစ်သူရဲ့မျက်ဝန်းလားတော့ မသိဘူး.. ပြီးတော့ ၂ယောက်က ချစ်ရက်နဲ့ဝေးနေရတယ်လို့ထင်တယ်.. ဟုတ်လားတော့မသိဘူး.. မှန်မမှန် အဖြေကို စောင့်နေမယ်..

zeRoTraSh said...

မဗေဒါ မှန်းတာ မှန်ပါတယ်
ဘယ်သူ့မျက်ရည်လဲဆိုတာတော့ မပြောချင်တော့ဘူး
တခါတလေကျတော့လဲလေ လောကမှာ let it b လုပ်ရတာ များတယ်ဗျာ
ဘဝဆိုတာ ဒီလိုပါပဲ
ဘာပဲပြောပြောလေ နှင်းတွေကတော့ တကယ်တမ်းကို ဝေနေတာပါပဲ

mirror said...

ဟုတ်ကဲ့ ဖတ်ရင်းနဲ့ကိုပဲ
ကိုယ့်ရင်ဘတ်ထဲ ကဗျာကိုဆွဲထည့်ပီး
ကိုယ်ပါလွမ်းလာလိုက်တာ..
မျက်ဝန်းတွေတောင် စိုစွတ်...

ခင်မင်လျက်
mirror

mgthonnya said...

နှင်းတွေကြားမှာဒီကဗျာကိုဖတ်ရင်း...ထိုင်လွမ်းလိုက်ဦးမယ်..
ဗျာ....း) ဂွတ်ဒ်တယ်....ရေးထားတာ