Thursday, February 21, 2008

ပျက်ကျသွားတဲ့ စိတ်

သံသရာကို ကြောက်ရင်
အကုသိုလ်ကို ဝယ်မသုံးနဲ့လို့
လူတွေကို ခဏခဏပြောနေတာ
ငါ့အသံကပဲ တိုးလို့လား
သူတို့နားတွေပဲ မကြားတာလား
စဉ်းစားမရတာ ကြာပြီ။

ဟေ့ကောင် ဟေ့ကောင်
ဘဝကို ရိုးရိုးသားသား ဖြတ်သန်း
အမှန်တရားက
နည်းနည်းတော့ခါးတယ်
ခဏပန်းလောက်ဖြစ်ဖြစ်
ဒုက္ခခံမှ ဘဝဆိုတာ ချိုတာ။

လမ်းပေါ်မှာ ပြန့်ကျဲနေတာ
ဘာတွေလဲလို့ ငါ့ကိုမေး
ဖြေစရာမလိုပါဘူးကွယ်
သိက္ခာတရားကို
အလေးချိန်နဲ့ရောင်းနေတဲ့ ခေတ်မှာ
ခလုတ်တိုက်တိုင်း
အမှန်တရားဆိုတာ ပြုတ်ပြုတ်ကျတာ
အားလုံးအသိပဲ မဟုတ်လား။

ကျိန်စာတိုက်တဲ့ခေတ်က
လူမဖြစ်ခဲ့ပေမယ့်
ကျိန်စာမိတဲ့ခေတ်မှာ
လူလာဖြစ်တော့
တစ်ယောက်နဲ့ တစ်ယောက်
သစ္စာပျက်တာ
ကလေးကစားသလို ဖြစ်နေတာကြာပေါ့။

ရင်တွေလည်း ပူလှပါပြီ
နားတွေလည်း အူလှပါပြီ
ဒုက္ခတွေလည်း ထူလှပါပြီ
အရွယ်နဲ့သောက မမျှတဲ့
ဒီလောကကြီးကို ပြုံးပြရတာ
ကြာတော့ ရွံတယ်။

6 comments:

ein said...

ပျက် ကျသွားတဲ့စိတ်...
ကျိန်စာတိုက်တဲ့ခေတ်က
လူမဖြစ်ခဲ့ပေမယ့်
ကျိန်စာမိတဲ့ခေတ်မှာ
လူလာဖြစ်တော့
တစ်ယောက်နဲ့ တစ်ယောက်
သစ္စာပျက်တာ
ကလေးကစားသလို ဖြစ်နေတာကြာပေါ့။
အဲနေရာလေးကောင်းတယ်အကိုဇိုးရီးရေ.
..ဆက်လက်အားပေးနေပါ၏...:)

စိုးထက် - Soe Htet ! said...

စိတ် ... မပျက်ပါနဲ့ ... ညီလေးရေ ... လောကဓံ ရှစ်ပါး က အန္တိမ အမှန် သစ္စာ တရား တွေ ဖြစ်တော့ ငြင်ငြင်သာသာ ကျေကျေ နပ်နပ် လက်ခံတတ်ဖို့ လေ့ကျင့် ယူရမှာ ပေါ့ ... နောက်တစ်ခေါက် ထပ်လာဖတ်ပါဦးမယ် ဒီ ပို့စ်ကို ... :)

မင်းကျန်စစ်။ said...

ဘဝကို ရိုးရိုးသားသား ဖြတ်သန်း
အမှန်တရားက
နည်းနည်းတော့ခါးတယ်
ခဏပန်းလောက်ဖြစ်ဖြစ်
ဒုက္ခခံမှ ဘဝဆိုတာ ချိုတာ။
ဒီစကားလေးတော့ ကြိုက်တယ်ဗျာ။ ကျနော်တို့လဲ ဒုက္ခထူထူ နားပူပူ ကြားမှာ ဆက်ရပ်တည်လိုက်အုံးမယ်

diLo said...

em,
lar p khan sar dwar par de!

really a nice poem..
very very good one...i copy and keep it in my collection of poems from frens naw..

ya de hoat ? :P

keep up the good work!
by the way, hold on to the faith and have hope for the unknown future to come..afterall tomorrow will always be a better day!

မျှားပြာ said...

အစ်ကိုကြီးရေ ... ဒီကဗျာလေးကို သိမ်းထားလိုက်ပါပီ ..။

လှိုင်စုယဉ် said...

ကဗျာလေးက ကောင်းတယ်။ သံသရာကိုကြောက်ရင်
အကုသိုလ်ကို ၀ယ်မသုံးနဲ့လို့ လူတွေကို ခဏခဏ ပြောနေတာ ငါ့အသံပဲ တိုးလို့လား။ သူတို့နားတွေပဲ မကြားတာလား စဉ်းစားမရတာကြာပြီ။ ဟုတ်လား။
ဒီကဗျာလေးကို သဘောကြတယ်အကိုရေ...။