Sunday, May 11, 2008

ပြင်မရတဲ့ကောင်

စိတ်နဲ့လူ မကပ်တော့
ညတွေက ပိုမှောင်လာသလို
တနေ့သိနိုးသိနိုးနဲ့
အချိန်တွေက ငါ့ကိုစောင့်နေသလား
ဒါမှမဟုတ်
ငါကပဲ အချိန်တွေကိုစောင့်နေသလား
အသံထွက် ရွတ်ကြည့်တော့မှ
ငါ့နာမည်က
ပေါ့ပျက်ပျက်ဆန်နေပါရော့လား
ကိုယ့်ဘာသာကိုယ်တောင်
အရသာပျက်နေသေးရင်
ပတ်ဝန်းကျင်က ခါးတာမဆန်းပါဘူး။


"မနက်ဖန်ကစပြီး ကျွန်တော်လိမ္မာတော့မယ်"
ဆိုတဲ့စကား
ဘယ်နှစ်ကြိမ်များ ပြောခဲ့ပြီးပြီလဲ။
သံသရာ တစ်လျှောက်လုံး
ဒီအပြောမျိုးတွေနဲ့ ဒုက္ခရောက်ခဲ့တာ
ဒါပါနဲ့ဆို အရေအတွက်
အတော်များလောက်ရောပေါ့။

အသိရှိစမ်းပါ သတိရှိစမ်းပါ
မနေ့ကလိုမနေရင်
နက်ဖန်ဆိုတာ ပိုကောင်းလာမှာပဲ
ခက်နေတာက
ဒီနေ့တိုင်းမှာ ပြင်မရတာလေ။

ထွေရာလေးပါးပြောတိုင်း
ထည့်ထည့်ပြောနေတဲ့ စာရင်းထဲ
တနေ့ ငါရောက်တော့မှာလား
ဘ၀မှာ သမိုင်းကို ပြောင်းပြန်လှန်ဖို့
စဉ်းစားခဲ့တဲ့ သတ္တိတွေ
ဘီယာဆိုင်ရောက်မှ ကြွကြွလာတာခက်တယ်။

3 comments:

စိုးထက် - Soe Htet ! said...

ကျွန်တော့် သတ္တိတွေက အိပ်ခါနီးမှ ... ကြွကြွ လာ တာ ဗျ :P

ခင်မင်းဇော် said...

မျိုးရိုးဆိုတာ လိုက်တတ်တယ်ဆို ကိုဇီးရိုး.....

mgthonnya said...

"မနက်ဖန်ကစပြီး ကျွန်တော်လိမ္မာတော့မယ်"
ဆိုတဲ့စကား
ဘယ်နှစ်ကြိမ်များ ပြောခဲ့ပြီးပြီလဲ။
သံသရာ တစ်လျှောက်လုံး
ဒီအပြောမျိုးတွေနဲ့ ဒုက္ခရောက်ခဲ့တာ
ဒါပါနဲ့ဆို အရေအတွက်
အတော်များလောက်ရောပေါ့။

အတော်ဟုတ်ဘူးဗျ များကိုများနေပြီ but ပြင်လို့ရသေးဘူး :P

အစ်ကို ကဗျာတွေကို စောင့်ပြီးအားပေးနေပါ၏။