Wednesday, August 20, 2008

တံဆိပ်များ

သူကိုယ်တိုင်က ဘာမှမပြောခဲ့
နိုင်ငံရေးအကြောင်း ဆွေးနွေးတော့လည်း တုံဏိဘာဝေ
ပညတ်တွေ ပရမတ်တွေ ပြောတော့လဲ အသံမထွက်
မော်ဒန် ပို့စ်မော်ဒန် ဒါတွေလဲ သူမသိ
စီးပွါးရေး ဒဿန အတွေးခေါ် စိတ်ဝင်စားပုံမပြ
သိချင်တာရှိလားလို့မေး

ဘာမှပြန်မဖြေတော့ခက်တယ်
လူတွေက တံဆိပ်အမျိုးမျိုးကပ်ကြတယ်
အသက်ကတရွေ့ရွေ့ကြီးလာတယ်
သူကိုယ်တိုင်က ဘာမှမပြောခဲ့
သူကိုယ်တိုင်က ဘာမှမသိခဲ့
တနေ့ကတော့ သူ့အသံထွက်လာတယ်
“ငါ” ပျောက်နေတာ ကြာပြီတဲ့
နောက်ထပ်တံဆိပ်ကပ်သွားကြတယ်
သူကအတ္တကြီးသတဲ့ကွယ်။

zeRoTraSh

2 comments:

မွန် said...

တွေ့အောင်ရှာရင်းအချိန်တွေ ကုန်သွားပြန်တော့လဲ တရားမရှိသူတဲ့လေ

စိုးထက် - Soe Htet ! said...

:P