Thursday, December 4, 2008

ပါးစပ်ပိတ်ထားတယ်

မှန်တာပြောရင် သစ္စာ
ဒီစကားတော့ လူတွေပြောတတ်သားပဲ
သို့ပေမယ့် အမှန်တရားဆိုတာ
ခါးသီးလေတော့ ဘယ်သူမှ လက်မခံချင်ဘူး
ဒီလိုနဲ့သူ့မှာ လူမုန်းများလာတယ်

ဘဝမှာ မှန်တာပြောရင်
အကုသိုလ်ကင်းတယ်တဲ့
အဲဒီ့ဆုံးမစကားလေးနဲ့
ဘဝကို ကျားကန်ခဲ့ရတာ မောလှပေါ့
ဒဏ်ရာတွေက ထပ်တလဲလဲ
နေစရာမြေတောင် ရှာမတွေ့လို့
သူ့ခမျာ ဘယ်သောင်ဘယ်ကမ်း ကပ်ရမလဲလို့
အကြိမ်ကြိမ်ပူပန်ရ တွေးတောရ

တလောကတော့ စကားတစ်ခွန်း
တစ်ယောက်က လက်ဆင့်ကမ်းသွားတယ်
မုသားမပါ လင်္ကာမချောတဲ့
စဉ်းစားတယ် . . .
ထပ်တွေးတယ် . . .
သုံးသပ်တယ် . . .
သူဘာကိုယုံကြည်ရမှာလဲ
နောက်တော့ သူလင်းသွားတယ်ထင်ပါ့
အဲဒီ့နေ့ကစလို့ လောကကြီးမှာ
စကားမပြောတဲ့ လူတစ်ယောက်တိုးခဲ့တယ်။

2 comments:

မောင်ပိစိ said...

ပါးစပ်ကြီးပိတ်နေနိုင်လား၊
ဘီယာဆိုင် သွားမယ်ဆိုရင်ရော...
ပိတ်နေမှာလား... ဟီးးးဟီးးး
ခုတော့ ကျတော်လဲ ဘီယာနံ့တွေ သင်းနေဘီဗျ
:D
ရေးထားတာလေး ဂွတ်တယ်
ကွန်မန့်က လက်ဆင့်ကမ်းသွားတာ တွေ့ဖူးတယ်

RePublic said...

ကို zero ကြီး ကဗျာ တွေစိတ်နေပါလားဗျ ၊၊ ခံစားချက်တွေရှိနေပြီထင်တယ်၊၊ ကောင်းဒယ်ဗျာ ၊၊ လုပ်ဗျ၊၊