Tuesday, December 23, 2008

ယုံပါ

ငါညာပြောခဲ့တာပါ
နင့်ကို မလွမ်းဘူးဆိုတာ

ငါညာပြောခဲ့တာပါ
နင့်ကို သတိမရဘူးဆိုတာ

ငါညာပြောခဲ့တာပါ
နင့်အနမ်းတွေကို မတမ်းတဘူးဆိုတာ

ငါညာပြောခဲ့တာပါ
နင့်မျက်ဝန်းတွေကို ထပ်မလိုချင်တော့ဘူးဆိုတာ

ငါညာပြောခဲ့တာပါ
နင့်စကားတွေကို မကြားချင်တော့ဘူးဆိုတာ

ငါညာပြောခဲ့တာပါ
နင့်ရနံ့တွေကို မစွဲလန်းဘူးဆိုတာ

ငါညာပြောခဲ့တာပါ
နင့်ကို ငါမချစ်ဘူးဆိုတာ

ငါညာပြောခဲ့တာပါ
ငါမလိမ်တတ်ဘူးဆိုတာ

ယုံပါကွာ
နင့်ကိုမြတ်နိုးတယ်ဆိုတာ
ငါတကယ်ပြောခဲ့တာပါ။

3 comments:

mgthonnya said...

ယုန်ပေးနိုင်ပါစေ...အဲမှားလို့....ယုံပေးနိုင်ပါစေ..း)

Unknown said...

Kg Like tae Poem, I like it!

ကောင်းကင်ပြာ said...

ညာမပြောနဲ့ အမှန်တိုင်းပြောလိုက် ၊ ယုံပါလို့ ပြောစရာမလိုပဲ ယုံသွားလိမ့်မယ်