Wednesday, October 10, 2007

လက်ထပ်ပွဲ


သဘာဝတရားကလည်း အဆန်းသား
ငါ့အလှည့်ကျမှ နေ၀င်သွားသတဲ့
ဂီတမဆန်တဲ့ ဂန္ထ၀င်တေးသွားတွေ
လေလုံခန်းထဲမှာ ချွေးထုတ်နေကြရဲ့
နှင်းဆီတွေကတော့ လှပါတယ်
ခက်တာက ပလတ်စတစ်ရနံ့တွေ
စူးရှပုပ်အဲ့လို့
လာပါပြီကွယ်
ရေခဲရိုက်ထားတဲ့ သတို့သမီး
ငါ့အနားကို
တစ်လှမ်းခြင်း
တစ်လှမ်းခြင်း . . . ။


zeRoTraSh
May, 2001

No comments: