Tuesday, October 9, 2007

အက်သံများ

မဆုံခဲ့ရင်လည်း အကောင်းသား
ခုတော့
ဘာမှန်းမသိပဲနဲ့
ငါ့အိပ်မက်တွေကို
လာလာနှိပ်စက်နေတယ်။

နင်ဟာ ငါ့မနက်ခင်းလေးလား
ဒါလည်း မသေချာပြန်ဘူးကွဲ့
ချစ်ခြင်းကို စာဖွဲ့ဖို့
ငါ့မှာ
အင်အားမရှိတာကြာပေါ့။

ခက်တယ်ကွယ်
နင့်အသံကြားတိုင်း
နင့်စာလေးတွေမြင်တိုင်း
အခုန်မြန်တဲ့
ငါ့နှလုံးသားကို
ကြာတော့လည်း စိတ်နာတယ်။

မစခင်ကတည်းက
တို့နှစ်ယောက်ကြားမှာ
ဆုံးခဲ့တဲ့ ဇာတ်လမ်းကို
ငါဘယ်လိုများ ပြန်ပြင်နိုင်မလဲ
သိရင်လဲ ပြောပြကွယ်။

ပုစ္ဆာတိုင်းမှာ အဖြေရှိသတဲ့
အဲဒီလို အပြောမျိုး
ငါလေ
နင်နဲ့ကျမှ မပြောနိုင်တာ
ကိုယ့်ဘာသာ အံ့သြရတယ်။

ငါ့သမိုင်းကို ငါရေးမယ်
ရာဇ၀င်တွေ မရိုင်းခင်ပေါ့ကွယ်
ကဲ . . .
ကြယ်တို့ စုံပြီလား။


zeRoTraSh
8th October 2007

2 comments:

မျှားပြာ said...

ဟေ့လူ ခင်ဗျား ပြန်လာပြီဆိုရင်တော့ ကြည်တွေ စုံတော့
မှာပါ ၀မ်းသာတယ်ဗျို့ 

ယူဆဂိ said...

very nice poem!!
I like it.