Thursday, October 11, 2007

ဘန်းရက်လေအား

ခု Blog တွေကို ဘန်းထားတယ်။ ပုဂံဆိုက်ဘာက ဘလော့ဂ်အားလုံးကို ဘန်းတယ်။ အမ်ပီတီကတော့ ရွေးပြီးဘန်းတယ်။ ကျွန်တော့်ဘလော့ဂ်ကတော့ ကံဆိုးစွာနဲ့ အမ်ပီတီ ဘန်းလစ်(စ)ထဲ ပါသွားလေရဲ့။ ဘယ့်နှယ့်ကြောင့် ဘန်းသလဲတော့ ကျွန်တော်လည်း ပြောတတ်ဘူး။ ခက်ပြီ။ ဘာမှလဲ လုပ်ပဲနဲ့။ သူငယ်ချင်းတွေကတော့ အားပေးတယ် မင်းကို ဘန်းထားတယ်တဲ့ ငါ့ကောင်ကြီး ခေတ်မှီသွားပြီတဲ့လေ။ ပျော်စရာလားဗျာ။ တော်တော်များများကို မဘန်းဘူးဗျာ ဘန်းတဲ့ လူနည်းစုထဲမှာ ပါသွားတယ် ပြတ်ကရောပဲ။ တတ်နိုင်ဘူးလေ။ ဒါပေမယ့် ကျွန်တော်ကတော့ ပို့စ်တွေ တင်မှာပါ။ တင်အုံးမှာပါ။ ခုလည်းရေးနေတယ် ရေးလက်စတွေရှိတယ်။ အင်တာဗျူးကတော့ စိတ်နဲ့လူနဲ့ သိပ်မကပ်လို့ မရေးဖြစ်ဘူး။ ရေးမယ်လို့ တေးထား မှတ်ထားတာလေးတွေတော့ ရှိတယ်။ ခုလတ်တလောတော့ စီးပွါးရေးကဏ္ဍလေးတွေ ရေးချင် ဆွေးနွေးချင်နေတယ်။ အော် စီးပွါးရေး ဆွေးနွေးမယ်ပြောလို့ သိပ်အထင်ကြီး မသွားနဲ့အုံး ခုထိတော့ လုပ်သမျှရှုံးနေတုန်း။ ကံမလိုက်တာလား အသုံးမကျတာလား အခွင့်အရေးမရတာလား ဘာမှန်းတော့မသိ။ ပြီးမှ တစ်ခုခြင်းစီကို ရေးပြ ပြောပြ ဆွေးနွေးတော့မယ်။ ခုတော့ အလုပ်လုပ်တာ Day Shift နဲ့ Night Shift ခွဲလုပ်နေရလို့ နားအုံးမယ်ဗျာ တော်ကြာ ပန်လန်လက်နေမှာ စိုးလို့။

1 comment:

Layma said...

mpt က လေးမကိုရော ဘန်းလားဟင်..မေးပေးပါဦး...ခေတ်မှီ မမှီ သိချင်လို့...။ သိရင်လာပြောပေးပါဦး..။