Monday, September 17, 2007

ကွိုင်ပြန်ပြီလားကွယ်

Blog တွေကြားမှာ ကွိုင်တွေတက်နေတာ တကယ်ကို ဟုတ်နေတယ်။ ကျွန်တော်ရော ခုတလော ဘာကြောင့်ငြိမ်သွားတယ်လို့ ထင်ပါသလဲ။ ဟုတ်ကဲ့ ပြောပြပါ့မယ် ကျွန်တော့် ကွန်ပျူတာ Hack လုပ်ခံလိုက်ရပါတယ်။ လုပ်ပြီးတော့ ဆဲသွားပါတယ်။ ဟုတ်ကဲ့ ကျွန်တော် ညံ့လို့ ခံရတာပါ။ Hack လုပ်ခံ ရပြီးပြီးခြင်းမှာ ကျွန်တော်သိလိုက်ပါတယ်။ ကျွန်တော့် သူငယ်ချင်းကို ပြောပြတော့ သူအံ့သြနေပါတယ်။ ဟုတ်ပါတယ် သူလည်း လာကြည့်တယ်။ တကယ်ပါပဲ။ ကျွန်တော်တို့ သိသွားပြီဆိုတာ သိတော့ သူတို့ Delete လုပ်နေတာပါတွေ့ရပါတယ်။ အရေးတကြီး Data ပါမသွား ပေမယ့် စိတ်မကောင်းတော့ ဖြစ်ရပါတယ်။ ကျွန်တော် လန့်လည်း လန့်သွားပါတယ်။ သူငယ်ချင်းတွေနဲ့ ချက်ခြင်း ဒီကိစ္စကို ဆွေးနွေးပါတယ်။ ဘာမှ လျှော့တွက်လို့ မရတော့ပါဘူး။ Key logger ရဲ့ Next Generation နဲ့ တိုးသွားတယ်လို့ ယူဆပါတယ်။ ဟုတ်ကဲ့ ကျွန်တော်လို ငတုံး ခံရတာ နည်းတောင် နည်းသေး တယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော် ဖတ်ရတဲ့ သတင်းအရ Blog တွေကတစ်ဆင့်ဖြစ်တာလို့ ဆိုတော့ ကျွန်တော် ဒီရက်ပိုင်း လုံးဝ မဘလော့ရဲသလောက် ဖြစ်သွားပါတယ်။ ခုတော့ သတ္တိလေး နည်းနည်းကောင်းလာလို့ ဘလော့တာပါ။ ပြောရင်ပုံပြင်လို့ ထင်မှာပါ။ တကယ်ကြီးကို hack လုပ်တာခံရတာပါ။ အဲဒီတော့ ကျွန်တော် သတိပေးချင်တာက link တွေကို သတိ နည်းနည်းထားပါလို့ ကျွန်တော့လို ဖြစ်မှာဆိုးလို့ပါ။ july dream ရဲ့ ပို့စ်ကို ၀င်ဖတ်မိပါတယ် ဟုတ်ကဲ့ ဘလော့တွေ ခွါပြဲနေပါသတဲ့။ မဖြစ်သင့်ပါဘူး လုံးဝ မဖြစ်သင့်ပါဘူး။ ဒါပေမယ့် အယူအဆတွေ ကွဲပြားပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် တစ်ဦးကို တစ်ဦး ဆဲဆိုတဲ့ အဆင့်အထိတော့ မဖြစ်သင့်ပါဘူး။ ဒါပေမယ့်တွေ များပါတယ်။ ဟုတ်ကဲ့ နောက်တစ်ခုက အိုင်ပီ တွေ အတု လုပ်ပြီး ဘလော့ဂါ နာမည်တွေပါ ယူသုံးတဲ့ ကိစ္စပါ။ ကျွန်တော်တော့ ကြောက်ပါတယ်။ အဲဒါက လုံးဝ စိတ်မချရပါဘူး။ ကျွန်တော် ခုလောလောဆယ် မှာတော့ စောင့်ကြည့်တဲ့ အဆင့်မှာပဲ ရှိပါတယ်။ ဘာတွေ ဆက်ဖြစ်လာအုံးမလဲ ဆိုတာ ကြည့်ရပါအုံးမယ်။ မြန်မာ Hacker တွေ တော်ကြပါတယ်ဗျာ ကောင်းတဲ့ ဘက်မှာ သုံးရင် ပိုအဆင်ပြေပါလိမ့်မယ် အရေမရအဖတ်မရ ၀င်ဆဲနေရင်တော့ အင်း ဘယ်လိုပြောရမလဲ လူဖြစ်ဖို့ တစ်ဆင့်များ လိုနေသေးသလားလို့ . . . တော်ပြီဗျာ ပြောရတာ မောတယ် ကိုယ့်ဘာသာပဲ ဆက်ပြီး ဘလော့တော့မယ်

7 comments:

JulyDream said...

Blogger တွေ ခွါပြဲနေတဲ့ အဆင့်ထိ မရောက်သေး ပါဘူး။ ခွါပြဲလာအောင် လုပ်နေသလို ခံစား မိတယ်။ လောလောဆယ်ဆယ် သံသယတွေ ၀င်နေကြတယ်။ သူ့လူ ကိုယ့်ဘက် သားတွေလား ပေါ့။ သတိရှိစေ ချင်လို့ ကျွန်တော့် ဘလော့မှာ ပို့စ်တင် ပေးတာပါ။ အဓိက က ဒေသစွဲမထားကြဘဲ စည်းလုံး ညီညွတ်စေ ချင်တာပါ။ သီချင်း ထဲကလိုပေါ့ "မင်း အမြဲမှတ်ပါ မင်း မြန်မာ ဆိုတဲ့အတိုင်း" ဘယ်နေရာပဲ ရောက်နေ ရောက်နေ "မြန်မာဟာ မြန်မာပါပဲ"....

Yours truly,
July Dream

မျှားပြာ said...

ယုံကြည်ချက်အတိုင်း ဆက်လုပ်ပါဗာ

Unknown said...

Wehever we are,whatever we do, we r always Myanmar.

Layma said...

hack တာကိုဘယ်လိုသိလဲ ... ဘယ်လိုလုပ်သွားတာလဲ ... ပြောပါဦး... လေးမဆို အရမ်းတုံးတော့ ဘာမှမသိဘူး ....။ ပြောပြပါဦး...။ လေးမ စက်ကို ဟက် လား... မ ဟက်ခ် လား ဘယ်လိုလုပ်သိနိုင်တုန်း ... တလောတုန်းက လေးမ အိုင်ပီသုံးပြီး Why do we blog cbox မှာ ဆဲသွားကြတာ ... အဲဒါ လေးမ စက်ကို ဟက်ခ်လိုက်တာလား....။ ဒွတ်ခပဲ .... လေးမက ဘာမှလဲနားမလည်ဘူး....။

zeRoTraSh said...

Hack လုပ်ခံရတာ ဘယ်လိုသိလဲဆိုတော့ လေးမ ရေ အဲဒီ အချိန်မှာ ကျွန်တော်ရဲ့ Command line မှာ သူတို့က စာတွေ ၀င်ရိုက်နေတာ တွေ့လိုက်တယ်။ ပထမတော့ မျက်စိမှားတာလားလို့ သေချာကြည့်တော့ မဟုတ်ဘူး။ ၀င်နေတာ သိသာတယ်။ အဲဒါနဲ့ Log file တွေ ပြန်စစ်လိုက်တယ်။ သံသယက တော်တော်ဖြစ်နေတာနဲ့ virus လည်းပြန်စစ်ပေါ့ ခဏထားခဲ့ပြီး ထမင်းပြန်စားတယ်။ ၂ နာရီလောက်ကြာတော့ ပြန်လာပြီး စက်ကိုကြည့်တော့ အားပါးပါး သူတို့ ကျွန်တော့် File တွေကို အားရပါးရ delete လုပ်နေတာတွေ့လိုက်တယ်။ နောက်တော့ ကျွန်တော်လည်း လုပ်စရာရှိတာလေးတွေ လုပ်ပြီး မေးစရာရှိတာလေးတွေ မေးရတာပေါ့ သေချာသိချင်တယ် ဆိုရင်တော့ ကျွန်တော့်ကို Online မှာတွေ့ရင်မေးပါ ကျွန်တော် ပြောပြပါ့မယ် ဒီမှာတော့ ပြောရင် မကောင်းဘူးလားလို့ပါ။ သေချာတာကတော့ သူတို့ နောက်တစ်ကြိမ် ကြိုးစားကြရင်တော့ မလွယ်လောက်တော့ဘူးပေါ့ လေးမရယ်။ ကျွန်တော်လည်းလုပ်စရာ ရှိတာလေးတွေ လုပ်ပြီးပါပြီ အော်ပြီးတော့ အဲဒီကိစ္စက တရားစွဲလို့ ရသွားပါပြီ။ ကျွန်တော့် ရှေ့နေတွေ နဲ့ မေးကြည့်ပြီးပါပြီ။ သိပ်ပြီး စိတ်မပူပါနဲ့ Trace လိုက်လို့ရပါတယ်။ အော် လေးမပြောတာ လေးမနာမည် သုံးပြီး C-box မှာ ၀င်ဆဲနေတာကို ပြောတာလား။ IP သုံးတာတော့ မဖြစ်လောက်ဘူးထင်တယ်။ hack ခံ ရတာမဟုတ်ပါဘူး။ မစိုးရိမ်ပါနဲ့ ကျွန်တော်လည်းခံဖူးပါတယ်။ သိပ်ပြီးမှ ဆိုးဝါးလာရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ တတ်နိုင်သလောက် အကူအညီပေးပါ့မယ်။

Layma said...

ဘာတွေမှန်းလဲမသိဘူးနော် ... လေးမ စက်ထဲမှာ ဘာမှတော့ ထူးထူးခြားခြားမရှိပါဘူး... ။ လေးမနာမည် သုံးတာမဟုတ်ပါဘူး.... လေးမ အိုင်ပီပါဆိုမှ ...။ ဆဲသွားတဲ့သူရဲ့ အိုင်ပီကို စစ်လိုက်တော့ ဒီအိုင်ပီပါပဲ ဆိုပြီး ကိုဖြိုးက ရေးပြထားတာ ...လေးမ အိုင်ပီ ဖြစ်နေတာ ...။ နောက်မှ နတ်ရှင်နောင် ဘလော့ဂ်မှာ အိုင်ပီ အတုလုပ်ပြီး ရေးချင်ရာလိုက်ရေးလို့ ရတဲ့ ဆော့ဖ်ဝဲရှိတယ်လို့  ရေးထားတာတွေ့ တော့မှ စိတ်အေးသွားတာ... စေတန်ဂေါ့ဒ်ကလဲ အိုင်ပီအတုလုပ်လို့ ရတဲ့ အကြောင်းဝင်ရှင်းသွားမှ အိုကေသွားတာ....။ ရှင်းပြတာ ကျေးဇူးနော်...။ တတရားစွဲလို့ ရတယ်ဆိုတာ မြန်မာနိုင်ငံမှာလား...။ ဘယ်နိုင်ငံကိုပြောတာလဲ...။

ခင်မင်းဇော် said...

အမလဲ ကွန်ပျူတာနဲ့ပတ်သက်ရင် ဘာမှ နားမလည်။
အမကိုလည်း လာhack ရင်တောင် သိပါ့မလား ဟီး..
အမလည်းသိချင်ပါတယ်။
ဘယ်လိုကာကွယ်ရမယ်ဆိုတာကို...
ိအမမေးလ်မှာ နည်းနည်းရှင်ပြပေးပါလား..
ကျေးဇူးနော်..