Saturday, November 17, 2007

ဖိုးဝစောင့်နတ်

ဒီ ဖိုးဝ ပေါ်တယ်ကို စလိုက်ကထဲက အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်း မစားရနဲ့ လူလဲ တော်တော်မှ ချာလပတ်ရမ်းနေပြီ။ မိုးလင်းလည်း ဖိုးဝ မိုးချုပ်လည်း ဖိုးဝ တချိန်လုံး ဖိုးဝ ဖြစ်နေလို့ လူတွေက ငြိုငြင်လာပြီတဲ့။ ဒါလဲ ဂရုမစိုက်အားဘူး လုပ်မှာပဲ လုပ်မှာပဲဆိုပြီး အော်နေမိတယ်။ ခုလည်းကြည့်လေ ဖိုးဝ နဲ့ အပြိုင် တခြား ပေါ်တယ်တွေ ပေါ်လာတော့မယ်ဆိုတော့ လူက ကတုန်ကရင်တွေဖြစ်လို့ ကြောက်လို့တော့ မဟုတ်ဘူး သိပ်ပြီး ဦးချင်တာ စိတ်ကိုက ဂဏာမငြိမ်ဘူး။ ဖိုးဝ ကို ဗမာပေါ်တယ် တစ်ခုအနေနဲ့ ထူထောင်တုန်းက လူတွေကပြောတယ် မင်းရူးနေသလားတဲ့။ ဘယ်က ၀င်ငွေရမှာလဲတဲ့။ ဟုတ်ပါ့ တပြားမှ ခုထိ မ၀င်သေးဘူး။ ဒါပေမယ့် ပြောခဲ့ဖူးတယ် အချိန်က စကားပြောပါလိမ့်မယ်လို့ စေတနာ အကျိုးပေးပါလိမ့်မယ်လို့။ ဟုတ်တယ် ခုဝင်ငွေလေးတွေ မြင်လာရတော့ လူက စိတ်ချမ်းသာတယ်။ ဒါပေမယ့်ဗျာ နောက်ကနေ ရင်းနှီးမြှုပ်နှံနိုင်တဲ့ ကုမ္ပဏီကြီးတွေက ကျွန်တော့် ဖိုးဝလေးကို ကြည့်ပြီး ဆော်ကြတော့မယ်ဆိုတော့ ကျောတော့ချမ်းသား။ သူတို့က ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ကျွန်တော့်ထက်သာတယ် လူအင်အားကောင်းတယ် ပိုင်ရာဆိုင်ရာ များတယ်ဗျ။ ကျွန်တော်မှာတော့ အဲဒါမျိုးတွေ မရှိဘူး လုပ်ချင်တဲ့စိတ်ရယ် လုပ်မှာပဲဆိုတဲ့ ခေါင်းမာမှုရယ် ဒါပဲရှိတာ။ အဲဒီ့တော့ဗျာ လူတွေ ဘာသုံးချင်သလဲ ကျွန်တော့်ဘက်က ဖြည့်ဆီးဖို့ အသင့်ပါပဲ။ ကဲ ကျွန်တော်ဘာဆက်လုပ်ပေးရမလဲ များများသုံးစေချင်တာ စေတနာပါ။ ဖိုးဝ ကို နေ့စဉ်သုံးပေးတဲ့ သူအပေါင်းကို ဘုရားရှိခိုးတိုင်း ထည့်ဆုတောာင်းပေးရတာ အမော။ ကျွန်တော့်ကို ခင်မင်ကြရင်ဖြင့် အိုင်ဒီယာလေများ ပေးသနားတော်မူကြပါလို့ တောင်းပန်ပါရစေ။ ဖိုးဝမရှိရင် ကျွန်တော်လည်း ဘာမှ လုပ်တတ်တော့မယ် မထင်ပါဘူး။ ခုတောင် အကြွေးက လည်ပင်းခိုက်နေတယ် အဟက်ဟက်ဟက် ထုတ်ကြွားတယ် မထင်စေချင်ဘူး။ ကျွန်တော့်မှာ တနေ့တနေ့ ဖိုးဝ အတွက် ကုန်တဲ့ ပိုက်ပိုက်တွေ ထိုင်ထိုင်ကြည့်နေရတာ။ သူငယ်ချင်းတစ်ယောက် ပြောသလိုဆို ကားဝယ်စီးလိုက်ပါလားတဲ့ မင့်ဟာက ခုထိဘာမှလည်း ၀င်ငွေမရသေးဘူးတဲ့။ ဟုတ်ကဲ့ ကားဝယ်ရောင်းလုပ်တာ ဒီနိုင်ငံမှာသာ စီးပွါးရေးပါဗျာ ကျွန်တော်တော့ အဲဒါတွေကို စိတ်ကုန်တယ်။ ခုဟာက နည်းပညာ အကူအညီနဲ့ လုပ်ထားတဲ့ မီဒီယာဆိုတော့ ကျွန်တော်တန်ဖိုးထားတယ်။ သတင်းဆိုလည်း ကျွန်တော်က ၀ယ်ရတာပါ အလကားရဘူးဗျ။ ဂျာနယ်ကဟာတွေ တင်ဖို့ သူများတွေ ပြောပေမယ့် အဲဒါဆို Online က Offline ထက်ပိုနောက်ကျနေမှာပေါ့ ပြီးတော့ အဲဒါမျိုးကိုလည်း ကျွန်တော်က ပေါ်တယ်လို့ မသတ်မှတ်နိုင်ဘူး ခက်ကုန်ရော။ အဲဒီ့တော့ ဘာဖြစ်သလဲဆိုတော့ ၀ယ်တယ် တင်တယ် ကုန်တယ် လုံးလည် ခြာလည်ကို လိုက်နေတာပဲ။ ကျွန်တော့်ကို ကူညီပြီး အိုင်ဒီယာလေးများ ပေးကြပါ။ နေ့စဉ်သုံးပေးကြပါလို့ လက်လှမ်းမှီသလောက်လဲ ပြောပေးကြပါလို့။ ဗမာ လူငယ်တစ်ယောက် ကြိုးစားပမ်းစားနဲ့ ခေါင်းမာပြီး အကုန်ခံပြီး လုပ်ထားတဲ့ ဒီ ဖိုးဝ ကို အားပေးကြရင်ဖြင့် ကျွန်တော့်ဘက်က အတိုင်းထက် အလွန်ဝမ်းသာမိမှာ အမှန်ပါဗျာ။ ကဲ Comment လေးများ ၀င်ပွတ်ပေးကြပါဗျာ။

14 comments:

စိုးထက် - Soe Htet ! said...

သွားကြည့်ပါတယ်ဗျ ... :P

ညိမ်းညို said...

အကိုရေ စိတ်ဓာတ်မကျပါနဲ့ဗျာ။ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ အမြဲတမ်းအားပေးနေမယ်ဗျ။
စိတ်ဓာတ်ရော၊ ခံယူချက်ရော၊ ပြတ်ပြတ်သားသား လုပ်ရဲကိုင်ရဲတာကိုရော သဘောကျတယ်ဗျ။ ပျော်ရွှင်ပါစေ..

This is about... said...

အားပေးနေပါ၏။

မျှားပြာ said...

ကျွန်တော်ခဏ ခဏရောက်ဖြစ်တယ်ဗျ နောက်ဆုံး နေ့
တိုင်းလာမယ်ဗျာ ...။ အားလုံးအဆင်ပြေပါစေဗျာ..
တတ်နိုင်သလောက် ဖြန့်ဝေပေးပါ့မယ်ဗျာ.။

Moesat said...

စိတ်ဓာတ်မကျပါနဲ့လို့ ပထမ ပြောချင်ပါတယ်ဗျာ။ ကိုယ် တိုင်ဖောက်တဲ့လမ်းက ဒီလိုဘဲ အစတော့ ကြမ်းပါတယ်။ ခိုင်ခံ့မှုတော့ အပြည့်ရှိပါတယ်ဗျာ။ ကျွန်တော် အမြဲကို ရောက်ဖြစ်ပါတယ်။ Flash Animation တွေဆိုရင်လည်း ကောင်းပါတယ်။ လက်လှမ်းမှီသလောက် ပြောပြမယ်ဗျာ။
Good Luck Bro.

zeRoTraSh said...

ခုလို ဖိုးဝ ကို အားပေးကြတဲ့ အတွက် အထူးကျေးဇူး တင်ရှိပါတယ်။ ကော်မန့်ဝင်ရေးပေးလို့လဲ ထပ်ပြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော် ယုံကြည်ရာကို ဆက်လုပ်သွားမှာပါ။

Chaos said...

ကွန်မန့်လာဝင်ရေးတာအစ်ကိုရေ
ဖိုးဝကိုအခုသွားနေပီ

tuzzaung said...

ဖိုးဝကိုအရင်ကတည်းကသိပါတယ်။
blogမှာတောင်linkထားသေးတယ်။
ဆက်လုပ်ပါ။အားပေးပါတယ်။
အောင်မြင်၊ပျော်ရွှင်ပါစေ...။

P.Ti said...

ဖိုးဝကိုရောက်ဖြစ်ပါတယ်။ ဖတ်လို့ကောင်းတယ် နောက်ပြီး သတင်းတိုင်းမှာပုံပါတာလေးက တော်တော်ကောင်းတယ်။ အားပေးလျက်ပါ။ အောင်မြင်ပါစေ။

Htoo Myat said...

ကျနော့မှာ Technical ပိုင်းဆိုင်ရာတော့ ကိုယ်တိုင် ဘာမှ မတတ်လို့ ဘာအကြံမှ မပေးနိုင်သေးပါဘူး။ ဓနရှင်တွေ ကိစ္စကတော့ ထားလိုက်စမ်းပါဗျာ… ဗူးလှလှထဲ ထည့်ပိတ်ပြီး ဈေးကြီးကြီးရောင်းတဲ့ သောက်ရေသန့်ထက် စေတနာရှင်တစ်ဦး ရေခပ်ထည့်ပေးသွားတဲ့ ညောင်ပင်အောက်က ရေအိုးစင်လေးကိုပဲ ပို မက်မောကြမှာပဲ။ ကျနော်လည်း စေတနာနဲ့ လုပ်တဲ့ စာမျက်နှာတွေကိုပဲ ပိုဖတ်ချင်တယ်။ ZEROTRASH ရဲ့စေတနာကို ကျနော် တကယ် လေးစားပါတယ်။ အိတ်စိုက် လုပ်ရတယ်ဆိုတာ တကယ်ကို မလွယ်ပါဘူး။ ဒါပေမဲ့ ခံယူချက်ကို မြဲမြဲကိုင်ထားဖို့ အားပေးပါတယ်။

tayzar said...

အကိုရေ အားပေးနေပါတယ်ဗျာ။ ဆက်လုပ်ပါ။ ကျွန်တော်လည်း စာမွဲရှိနေလို့ မရောက်ဖြစ်သေးတာ ပြီးတာနဲ့ မွှေမှာပဲ။ =)

kay said...

ဒီဇိုင်း တော့..တကယ်ကောင်းတယ်..။ content ပိုင်းကတော့..ဒီလိုပဲ..မုဆိုးဆိုင်သင်သွားရမှာပေါ့။ ဇွဲပဲလိုတာပါ။

ခင်မင်းဇော် said...

ဖိုးဝကို အကြံဥာဏ်ပေးရုံနဲ့တောင် ဒီလောက်အောင် မြင်နေတာ...ဟဟ
အမြဲ အားပေးလျှက်ပါ......

Layma said...

ဖတ်မယ်..ဖြန့် မယ်...ဖွမယ်....။