Friday, November 23, 2007

မိမိကိုယ်ကို သုံးသပ်ခြင်း

ဘ၀အတွက်
အသိဥာဏ်ကို လှုပ်နှိုးခဲ့တယ်
မနက်ဖန် အတွက် ဒီနေ့
ဒီနေ့ အတွက် မနေ့က
ငါဘာများ လုပ်ခဲ့သလဲ
ကိုယ့်ဘာသာ ဆန်းစစ်
အ၀ီစိက နက်သတဲ့ကွယ်။

အကြောက်တရားလား
အသိတရားလား
ဝေခွဲမရနိုင်ဘူး
မီးဆိုတာပူတယ်
ခက်နေတာက
ငါဟာ ပိုးဖလန်မျိုးလေ။

အချိန်နဲ့ဒီရေ
လူကိုမစောင့်ဘူးတဲ့
ပြောဖူးတယ် ဒီစကား
ဘ၀ကို
မော်မော်ကြွားကြွား
ဖြတ်သန်းတုန်းက။

ပျင်းခဲ့တယ်
ဖျင်းခဲ့တယ်
လောကဓံနဲ့ ကစားခဲ့တယ်
စိတ်ကူးယဉ်ခဲ့သမျှထဲမှာ
ရိုမီယို ဖြစ်ရတာ
အရှက်ဆုံးပဲ။

အမှန်တရားက
အတင်းမပြောတတ်ဘူးလို့
ဘယ်သူ အာမခံသလဲ
သစ္စာတရားတွေ ရေညှိတက်တုန်း
ငါ့မိုးခါးလေး ရွာခဲ့ဖူးတယ်။

zeRoTraSh
23rd, November 2007


2 comments:

စိုးထက် - Soe Htet ! said...

ကျွန်တော်လည်း သုံးသပ် ဆန်းစစ် ကြည့် ဖူးတယ်ဗျ :D

မျှားပြာ said...

ကောင်းတယ်ဗျာ ကဗျာလေး ...
ကိုဇီးရိုးရေ ဒါမျိုးလေးတွေ များများလုပ်