Friday, November 16, 2007

ငါ . . . ဘာကောင်လဲ ???


ကိုယ့်ဘာသာ ပြန်အမေးဖြစ်ဆုံး စကားလုံးပေါ့။ သူများတွေကို မေးလည်း အဖြေက မနီးစပ်တာရယ် သိပ်မကြိုက်ချင်တာရယ် (မကောင်းတာထည့်ပြောရင် မကြိုက်ဘူးလေ)။ မြှောက်ပြောတယ် ထင်တာရယ်။ စဉ်းစားရ တော်တော်ကျပ်တယ်။ အရင်ဆုံး ကိုယ့်ရဲ့ ပုံပန်းသဏ္ဍန်ကို ပြန်စမ်းစစ်ရမယ် ပြီးမှ စိတ်နေစိတ်ထားကို ပြန်စိစစ်။ ဟုတ်ပြီ အဲဒီတော့ ကိုယ့်ဘာသာ ပြန်မြင်အောင် ကြည့်ရတာ ခက်တော့ခက်တယ် သို့ပေမယ့် ကျေနပ်စရာ ကောင်းတယ်လို့လည်း ထင်ပါတယ်။ ငါ ဘာကောင်လဲဆိုတာကို ပြန်ရေးလိုက်တော့ ပေါ့ပါးသွားတယ်။ ကဲ ပြောပြမယ် နားထောင် ဂလိုမျိုးကွဲ့ . . .

ပုံပန်းသဏ္ဍန်
- ဆံပင်ကျဲတယ် (နဖူးပြောင်တဲ့ သဘောပေါ့ ဒါပေမယ့် ကိုယ့်ဘာသာ ကမ္ဘာကျော် ခေါင်းဆောင်ကြီးတွေလည်း ပြောင်တာပဲလို့ အားပေးထားတယ် အမြဲတမ်း ကတုံး ဆံပင်ပေါက်နဲ့ နေတယ်)
- မျက်လုံး အညိုရောင်၊ အကြည့်စူးတယ် (သူများတွေ ခဏခဏပြောတယ် သိပ်အကြည့်စူးတယ်တဲ့ ကောင်မလေးတွေ ကတော့ ခေါ်တော ၅ သိန်းအားတဲ့)
- နှုတ်ခေါင်း ချွန်ချွန်
- မုတ်ဆိတ် ကျင်စွယ် ကျိုးတိုး ကျဲတဲ (ကိုယ့်ဘာသာတော့ အလွန်လှတယ် ထင်တာပဲ သူများတွေကတော့ ဘင်လာဒင် မုတ်ဆိတ်မွှေးမီးလောင်သွားတဲ့ ပုံမျိုးဆိုပဲ)
- နားကပ်တစ်ဖက် တပ်ထားတယ် (ဘယ်ဘက်မှာပါ နားပေါက် အကြောင်းသိချင်ရင် ကျွန်တော့် အရင် ပို့စ်အဟောင်း တစ်ခု ဖြစ်တဲ့ ကျွန်တော့နားပေါက်လေး မှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်)
- မ၀ မပိန် အနေတော် (တချို့ကတော့ ပိန်တယ် ပြောတယ် ကိုယ့်ကိုကိုယ်တော့ မပိန်ဘူးထင်တာပဲ)
- အလေးချိန် ပေါင် ၁၂၅ ပေါင် ပတ်ဝန်းကျင်
- အရပ် ၅ ပေ ၉ လက်မ (ခါးမကိုင်းပါ)
- လက်ချောင်း ခြေချောင်း ရှည်တယ် (သူများတွေက ရှည်လမျောကြီးတဲ့ ကိုယ့်ဘာသာကိုယ်တော့ အနုပညာဆန်တယ် ထင်နေတာ)
အနှစ်ချုပ်ပြောရရင်တော့ ယောက်ျားပီသတယ်ပေါ့ဗျာ (ယုံဘူးလား တကယ်ကြီးပါဆို သက်သေပြရမှာလား ဟင် အဟက်ဟက်ဟက်) တချို့ကတော့ ချောတယ်တဲ့ တချို့ကတော့ မာဖီးယား ခေါင်းဆောင်တဲ့ တချို့ကတော့ ဘင်လာဒင်တဲ့ တချို့ကတော့ ရီယိုဖာဒီနန်တဲ့ ပြောကြသဗျ ကျွန်တော်က မမြောက်တတ်ပါဘူး အဟဲ တကယ်တမ်းက ဘရက်ပစ်နဲ့ နင်လားငါလားပုံမျိုး

စိတ်နေစိတ်ထား
- စိတ်ဆတ်တယ် (အကြွေးမဆပ်ဘူး :D)
- မဟုတ်မခံ လိမ်မပြောတတ်ဘူး
- အတ္တကြီးတယ်
- ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တယ် (ရှေ့နောက် သိပ်မစဉ်းစားပါ)
- လုပ်ချင်တာလုပ်ပြီးလို့ ဖြစ်သမျှကို ခံနိုင်တယ် ဘယ်တော့မှ သူများကို ပုံမချတတ်ပါ (လုပ်ရဲရင် ခံရဲတယ်)
- စကားများများ ပြောတတ်ပေမယ့် တိတ်ဆိတ်တာကို ပိုသဘောကျတယ်
- မိသားစု သူငယ်ချင်းတွေနဲ့ ပျော်တတ်ပေမယ့် သူစိမ်းတွေနဲ့ဆို စိတ်ညစ်တတ်တယ်
- တွေ့သမျှလူနဲ့ ခင်အောင် ပေါင်းနိုင်တယ်
- စိတ်ကူးယဉ်တတ်တယ် (ရုပ်နဲ့ စိတ်နဲ့ တခြားစီလို့ ပြောတတ်ကြတယ်)
- အရောင်ထဲမှာ အနီရောင်ကို သဘောအကျဆုံး (ငယ်ငယ်ထဲက ခုထိ လုံးဝ ပြောင်းလဲမှု မရှိသေးပါ)
- စိတ်ညစ် မခံဘူး အရာရာကို ဟာသလုပ်ပြစ်တတ်တယ်
- အရက်၊ ဘီယာ၊ ဆေးလိပ် အကုန်ကြိုက်တယ် (ကွမ်းမစားတတ်ပါ)
- ထမင်း၊ ဟင်းကို ဂျီးများတယ် ငါးဆိုမစားဘူး အမဲသား ရှောင်ထားတယ်
- အပျင်းမကြီးတတ်ပါ အမြဲတမ်း တက်ကြွနေတယ်
- ဆရာလုပ်တတ်တယ် တပည့်မလုပ်တတ်ဘူး
အနှစ်ချုပ်ပြောရရင်တော့ ခေါင်းဆောင်ပဲ လုပ်တတ်တယ် စိတ်မြန်တယ် ညှာတာတတ်ပေမယ့် အလုပ်နဲ့ ပတ်သတ်လာရင် သည်းမခံတတ်ဘူး စိတ်ဆတ်တော့ တခါတခါ အပြောအဆိုက အဆင်မပြေဘူးပေါ့။ ဒါပေမယ့် တကယ်တမ်းတော့ ကျွန်တော်နဲ့ ပေါင်းပြီးရင် တသက်လုံးခင်သွားကြတာ များပါတယ်။ ရန်သူနည်းတယ် မိတ်ဆွေများတယ် သူငယ်ချင်းဆိုတာကတော့ ရေလို့တောင် မကုန်ဘူး အဟက်ဟက်ဟက် ကဲ ဒီလောက်ပါပဲ ကျွန်တော် မေ့ကျန်ခဲ့တာတွေ ရှိရင်ရှိအုံးမှာပါ ခုလောလောဆယ်တော့ ချရေးလိုက်ရလို့ အတော်ပေါ့သွားတယ် ဒါနဲ့ ခုတလော သူများတွေ ဟိုတက် ဒီတက် နဲ့ ကိုယ်လည်း မပါရတော့ ကိုယ်ကပဲ စပြီး ပြန်တက်လိုက်တယ် ကျွန်တော့် အနေနဲ့ ငါ . . . ဘာကောင်လဲ ??? ဆိုတဲ့ ခေါင်းစဉ်ကို ရေးပေးစေချင်တဲ့ ဘလော့ဂ်ဂါတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ကိုစိုးထက်
- ညိမ်းညို
- မိုးစက်
- မျှားပြာ
- မခင်မင်းဇော်
- ပန်ဒိုရာ
- ဂျေ
- Rapster

3 comments:

ထွန်း said...

အေးဗျ. ငါးမစားတာ မြန်မာပြည်က ကောင်ဆိုတာ သက်သေပြတာ. ငါးဆိုတာ အသားထဲမှာ ကျန်းမာရေး နဲ့  အညီဆုံး ငါးမကြိုက်တာ ဗမာဘဲရှိတယ် နိုင်ငံအပြင် ရောက်မှ ငါးကို ပုံစံမျိုးစုံချက်တာတွေ့ ရတယ် ခုမှ ငါးကို လွမ်းတယ်ဗျို့ ။ ပင်လယ်ငါး က ညှီတယ်(ချက်ပြီးရင်အနံမကောင်းဘူး) မချိုဘူး အသားကြမ်းတယ်၊ အိမ်မှာ ရေချိုငါး (အရိုးများတဲ့ငါး) စားရလို့ ဂျီးများတာ။ အိမ်မှာ ရေချိုငါး (အရိုးများတဲ့ငါး) စားရလို့ ဂျီးများတာ။ ညှီပေမဲ့ ချက်ပြီးရင် အနံ့ က မွှေးတယ်။ အေး ဂျီးများထား နောက် ပြည်ပရောက်မှ သွားရည်ကျနေမှာ မြင်သေး၊ အိမ်ရောက်တိုင်း ငါးခူ ငါးကျည်း ငါးပြေမ ငါးရံ့ ငါးသလဲထိုး ငါးမြွေထိုး ငါးဘတ်မွှေ.. ငါးသလောက် ငါးပုဏား ငါးမြစ်ချင်း ငါးကြင်း.. ငါးပြားအကြွပ်ကြော် ပုစွန်ခွက်ကြော်... အင်း.... ခင်များလည်း ငါးစားတတ်အောင်လုပ် မစားတတ်ရင် ငါးကင်စား ဖုတ်စားထား ပြုတ်ပြီး သုတ်စား ကျုပ်တို့ တော့ ငတ်နေတယ်ဗျို့  စားချင်သဗျာ..

စိုးထက် - Soe Htet ! said...

ပြီးပြီ .. :P

Layma said...

အမဲနဲ့ငါး မစားတာတူတယ်...။