Sunday, June 29, 2008

ဝန်ခံခြင်း

ရိုးရိုးသားသား ဝန်ခံပါရစေ
ကိုစိုးထက်လိုလဲ လူချစ်လူခင်မများဘူး
ဟန်သစ်ငြိမ်လိုလဲ အတွေးမကောင်းဘူး
ပန်ဒိုရာလိုလဲ စာအရေးမကောင်းဘူး
မွန်လေးလိုလဲ ချစ်စရာမကောင်းဘူး
ဇီးကွက်လိုလဲ စည်းရုံးရေးမကောင်းဘူး
ရန်အောင်လိုလဲ နည်းပညာမသိဘူး
ဟန်နီလိုလဲ ကဗျာမရေးတတ်ဘူး
သင်ကာလိုလဲ မတင်ပြတတ်ဘူး
ခင်မင်းဇော်လိုလဲ မဆွေးနွေးတတ်ဘူး
ညီလင်းဆက်လိုလဲ နာမည်မကြီးဘူး
ညိမ်းညိုလိုလဲ စကားလုံးတွေမလှပဘူး
ဂျူလိုင်ဒရင်းလိုလဲ မနွေးထွေးတတ်ဘူး
တီးလိုမျိုးလဲ လူမှုရေးမကောင်းဘူး
ဂျေလိုမျိုးလဲ ဟာသဥာဏ်မရှိဘူး
လင်းလိုမျိုးလဲ အမှတ်တရမရှိဘူး
လေးမလိုလဲ လေ့လာရေးမကောင်းဘူး

အဲဒီ့လို အဲဒီ့လို
ဘာမှ မတတ်တဲ့ကောင်
ဘာမှ မသိတဲ့ကောင်
ကျုပ်ဆီကို လာလာလည်ကျတာ
အံ့သြပါရဲ့ . . . . . . . . . . . . . .
သုညဆိုတဲ့ အတိုင်း
ဗလာနတ္ထိဘာမှမရှိတဲ့ကောင်ကို
ခင်ကြတာ ဆန်းတယ် :D ။

13 comments:

Yan said...

ဗလာနတ္ထိ ဘာမှ မရှိတာကိုက စိတ်ဝင်စားစရာ ကောင်းနေတာ.
သူ့မှာ ဘာကြောင့် ဘာမှ မရှိပါလိမ့်လို့ တွေးနေရင်းနဲ့ပေါ့လေဗျာ...

ဟတ်ဟတ်ဟတ်..

ဘိုင် ဘိုင် ကိုကြီးဇီးရိုးရေ....

စိုးထက် - Soe Htet ! said...

ဒါပဲလေ ... :)

mgthonnya said...

ကိုကြီးရန်ပြောတာ right,right.

khin oo may said...

yes. dear friend.

JulyDream said...

နွေးထွေးတတ်တယ် ဆိုပဲ...
သူ့ကိုလည်း တစ်ခါမှ ကျွန်တော့် ရင်ခွင်ထဲ ထည့်ပြီး ထွေးပိုက်မထားမိပါဘူးဗျာ။ အိမ်မက်ထဲမှာလည်း တစ်ခါမှ ထည့်မမက်မိခဲ့ပါဘူး။ အဲဒါကနေ ကျွန်တော် နွေးထွေးတတ်တယ်ဆိုတာ ဘယ်ကနေ ဘယ်လို သိသွားပါလိ့မ်။ ကြည့်ရတာ အေးချမ်းမေရဲ့ သူသိသွားပြီ သီချင်းလေး အထဲကလို ရင်မှာ ပုဏ္ဍားတွေ ရှိနေလား မသိဘူး။ အဟီး...

စတာနော်.. အတည် ဗလာနတ္ထိ

Anonymous said...

ဒါလေးကိုတော့ အမှတ်တရဖြစ်မိတယ်.. =)))

ထွန်း said...

ခင်များဘာမှ တတ်စရာမလိုဘူး။ ခင်များတတ်တာ က ဘယ်သူမှ မတတ်တဲ့ လူတကာကို အုပ်ချုပ် ဆြာလုပ်တဲ့ အတတ်..
ဟိုလူ ဟိုဟာလုပ်လိုက်. ဒီလူ ဒီဟာလုပ်လိုက် ဆိုပြီး မဟာ့မဟာ ထွဍ်ခေါင် သျှောင် ဖျား ထိပ်မှာ ထိုင်တတ်ဖို့ ဘဲ လိုတာ .....ဟတ် ဟတ် ဟတ်
ကျနော့်ကို ကျူရှင်ပေးမလား....

Han Thit Nyeim said...

ကိုသုညလို ဘာမှ မတတ်ဘဲ မနေနိုင်ဘူး
ကိုသုညလို ဘာမှမသိဘဲ မနေနိုင်ဘူး
ကိုသုညလိုလည်း ဗလာနတ္တိမရှိနိုင်ဘူး
ကိုသုညလိုလည်း မရိုးသားဘူး
ကိုသုညလိုလည်း ၀န်မခံတတ်ဘူး

အဲဒီ့လို အဲဒီ့လို
သူများကဗျာ ပြန်ကူးရေးတဲ့ကောင်
ကျုပ်ဆီကို လာလာလည်ကျတာ
အံ့သြပါရဲ့ . . . . . . . . . . . . . .
ဟန်သစ်ငြိမ်ဆိုတဲ့ အတိုင်း
အမှန်အသစ် လိမ်စားနေတာကိုလည်း
ခင်ကြတာ ဆန်းတယ် :D ။

ခင်မင်လျက်
မြောက်သိုင်းဆရာကြီး

မွန် said...

မွန်လေးလိုလဲချစ်စရာ မကောင်းဝူးတဲ့ ဟိ မှန်သွားပြန်ပြီ ဒါဆိုအဲဒီမသိခြင်းနဲ့ မရှိခြင်းကြားမှာ မွန်တို့ဘာလို့အဆွဲဆောင်ခံနေရပါလိမ့် တွဲမိသူတိုင်းကို တန်ဖိုးတက်စေတဲ့ သုညတွေကို တန်ဖိုးထားမိလို့ အမြဲလာမိတာပဲလားး

Ulmuka said...

ဇီးကွက်လိုလည်း စည်းရုံးရေး မကောင်းဘူးတဲ့..
သား ဘာမှ လုပ်ဝူးနော်..
တော်ကြာ ၀က်ပက်ခံနေရဦးမယ်.. :P

Thinzar said...

အဲလိုတော့လည်း မဟုတ်ဘူး။ zerotrash က အဖြစ်အပျက် အရှည်ကြီးတွေကို ပြန်ရေးပြရင် ဖတ်လို့ အရမ်းကောင်းတယ်။ အရင်တစ်ခေါက်က ဈေးရောင်းပွဲလိုမျိုး၊ ပြီးတော့ ကပ္ပိယ လိုမျိုး.. အဲဒါကြောင့် ဘာတွေ အသစ်တင်ထားလဲဆိုပြီး လာလာ ဖတ်မိနေတယ်။

ရွှန်းမီ said...

:D

Unknown said...

အဲ့ဒီ့ ဘာမှမတတ်တာကိုက ကျွန်တော်တို့ ကျောင်းတော်ကြီးရဲ့ Pride အစ်ကိုရ။ ဟီး :D