တစ်ရက်နောက်ကျတော့
တစ်ယောက်လျော့တာတွေ့ရမယ်
ဟိုတွေးဒီတွေး
အရာရာကိုတွေးကြောက်နေမယ်ဆိုရင်တော့
ကိုယ့်လူရေ ဘေးမှာသာ ထိုင်နေပေတော့။
မမြင်ဖူးရင် ပြလိုက်ချင်တယ်
ဘုန်းကြီးတွေတောင် မနေသာဘူး
အားလုံးအတွက် အားလုံးအတွက်
ပင်လယ်ကိုဖြတ် လှေကိုဖက်ပြီး
တနယ်တကျေးထိ အလှူလာခံနေတာ
မြင်ရတာမောလှတယ်ကွယ်။
စာရွက်စာတမ်းတွေ
ထင်မြင်ယူဆချက်တွေ
အသံကောင်းဟစ်တာတွေ
ခဏလောက်ဖြစ်ဖြစ် ထားခဲ့ပါကွယ်
လက်တွေ့ဘဝမှာ
အချိန်ဆိုတာ သိပ်အရေးကြီးသကွဲ့။
မြို့ကြီးပြကြီးရဲ့ ယဉ်ကျေးမှုမှာ
သနားလိုက်တာဆိုတဲ့ အသံတွေ
ကြားကြားနေရတော့ အားတက်ရမလိုလို
တကယ်တမ်းမှာတော့
အသံဟာ အသံပါပဲကွယ်။
ပျော်ပွဲစားထွက်တာ မဟုတ်ဘူးကွယ်
လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့အတွက်
လူဆိုတာ တခါတခါတော့
ဒုက္ခခံပေးရမယ်
ဒါကိုလက်မခံနိုင်ရင်တော့
ကိုယ့်လူရေ အိမ်မှာသာနေပေတော့။
အစားမစားရတဲ့သူတွေကို
ခင်ဗျားတို့ ဆာနေသလားဟင်လို့ မေးမလား
ကိုယ်စားတဲ့ထဲက ထုတ်ကျွေးမလား
ဆင်ခြင်မိရင်ဖြင့်
ထမင်းလုတ်တွေ ပြုတ်ပြုတ်ကျလာလိမ့်မယ်
ကဲ . . .
လူလူခြင်းစာနာရင်ဖြင့်
ကမ်းလက်လေးတွေ လှမ်းကြစို့ရဲ့။
Monday, June 2, 2008
ကမ်းလက်လေးတွေ လှမ်းကြစို့
Subscribe to:
Post Comments (Atom)
2 comments:
hote pa ... bayy mhar tar htaing nay pay tot :) ... nice one bro! please visit my blog kyawsawhtoon.blogspot.com if you have time :) cheers for your great job
ကောင်းတယ်ဗျာ...
တကယ်တမ်းမှာတော့
အသံဟာ အသံပါပဲကွယ်။
အဲဒီနှစ်ကြောင်း အကြိုက်ဆုံးပဲ
Post a Comment