Saturday, September 6, 2008

လတ်တလော ခံယူချက်တွေ


ဟန်သစ်ငြိမ် tag လုပ်တော့ ပြန်ရေးပေးလိုက်တယ်။ ဒါရေးလိုက်ရတော့ စိတ်ထဲ ပေါ့သွားတယ်။ မဆိုးပါဘူး ပျော်စရာကောင်းသားပဲ။ လတ်တလော အကြောင်းအရာလေးတွေပေါ့ဗျာ။ ကဲ အပျင်းပြေလေး ဖတ်ကြည့်ပေါ့။

ကိုယ့်ရဲ့နာမည် ………… zeRoTraSh (စာလုံးအား ထိုအတိုင်းပေါင်းရန် သြော် ကိုသင်ကာကတော့ သုညလွတ်ဆိုပဲ :D)
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… ဟေ့ရောင် (သောက်ကြစို့တဲ့)
ကိုယ်ဒီမှာနေတယ်………… ခုထိတော့ အမေ့အိမ်မှာ ကပ်နေရတုန်း
ကိုယ့်ဆီဖုန်းဆက်ချင်ရင်………… ဆက်မနေပါနဲ့ ဘာလုပ်မလဲ ပိုက်ဆံကုန်တယ် ကျုပ်လဲ ပြန်မပြောချင်ဘူး

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင်………… နီနီရဲရဲ ပြဲပြဲကြီး
အ၀တ်အစားဆိုရင်………… ဝယ်ပေးရင် ဝတ်လိုက်တာပဲ သိပ်ဂျီးမများဘူး (branded တော့ဝယ်ပေးနော်)
အစားအစာဆိုရင်………… အရက်နဲ့မြည်းလို့ရသမျှ ပိုကြိုက်တယ်
ပစ္စည်းဆိုရင်………… အနာအဆာမပါအောင် အရင်စစ်တာပေါ့ တခါတလေတော့လဲ အနာပါပေမယ့် ကိုယ်လိုရင် သုံးရတာတွေတော့ရှိတယ်
သီချင်းဆိုရင်………… ခုလောလောဆယ်တော့ yellowcard နဲ့ coldplay နားထောင်နေတယ်
စာရေးစာဆရာ………… ကျော်ဝင်း၊ ဒေါက်တာသန်းထွန်း၊ မင်းလူ၊ မြသန်းတင့်၊ ချစ်ဦးညို
စာအုပ်………… Rich Dad and Poor Dad, End of Poverty,
Life style………… လွတ်မြောက်နေတဲ့လူအဖြစ်နေနေတယ် (လူကလွတ်နေတာ မဟုတ်ဘူးနော်)
ကိုယ့်ရဲ့ဝါသနာ………… ဆရာလုပ်ခြင်း (ဟန်သစ်နဲ့ ဒီနေရာတော့ တူတယ်)
အလိုချင်ဆုံးလက်ဆောင်………… အလကားရရင်ယူလိုက်တာချည်းပဲ (အလိုချင်ဆုံးပြောပြရင် အားလုံးမေတ္တာပို့မှာစိုးလို့ မပြောတော့ဘူး)
ကိုယ့်ရဲ့ အချစ်ဆုံးသူက………… သေသွားပြီ (အဖွား)
ကိုယ့်ရဲ့ အလေးစားဆုံးသူက………… သခင်အောင်ဆန်း
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက………… အရက်တိုက်တဲ့ကောင်ပေါ့
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက………… ဘော်ဒါတွေနေမှာပေါ့ (ကိုယ်သောက်တာလဲ ဒင်းတို့ပဲ ထိန်းနိုင်တာကိုး)
ကိုယ့်ရဲ့ အမုန်းဆုံးသူက………… မရှိပါဘူး အားအားယားယား
ရင်အခုန်ဆုံးအချိန်………… ယှဉ်ပြိုင်နေရတဲ့ အချိန်၊ ဦးနှောက်ထဲမှာ အကြံစည်သစ် တစ်ခုခုပေါ်လာတဲ့ အချိန်
အကြောက်ဆုံးအချိန်………… အဖေနဲ့အမေ အိမ်ပေါ်ကနှင်ချမယ့် အချိန် (သူတို့နှင်ချရင် နေစရာ ခုထိမရှိသေး)
အပျော်ဆုံးအချိန်………… အားလုံးအဆင်ပြေတဲ့အချိန်
အမှတ်တရနေ့………… ကိုယ့်မွေးနေ့တောင် တခါတခါမေ့နေသေးတာ အမှတ်တရနေ့ဆိုတာ မရှိဘူး
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု………… အဖွားပြန်ရှင်လာရင်တော်ပြီ
အချစ်ဆိုတာ………… ၁၅၀၀ တန်တွေက အများကြီးရယ် ဟီး ဟီး ဟီး
အမုန်းဆိုတာ………… မသိဘူး
အလွမ်းဆိုတာ………… ကုန်ကြမ်းတွေပေါ့
သံယောဇဉ်ဆိုတာ………… အဲဒီ့စကားနဲ့ပဲ လုပ်စားလာတာ
ဘ၀ဆိုတာ………… ချစ်စရာလေးလေ (ငါ့ဘဝမှငါမချစ် ဘယ်သူချစ်မလဲ ကဲ ပြော . . .)
သူငယ်ချင်းဆိုတာ………… သောက်သောက်စားစား လူ့မင်းသားကွ
ချစ်သူဆိုတာ………… ပြောပြီးပါရောလား အများကြီးရယ်လို့ ဟီး ဟီး ဟီး (လူချစ်လူခင်ပေါတယ်လေ :D)
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………… ငါဆရာပါ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………… ထွင်ရင်ထွင် မထွင်ရင်သေ
အပြောချင်ဆုံးစကားတစ်ခွန်း………… အရွယ်နဲ့သောက မမျှတာကြာပြီ

ကဲ ကဲ ကိုယ့်တာဝန်ကျေပြီဆိုတော့ ကျန်တဲ့လူတွေ ဆက်ပြီး မေတ္တာထားတဲ့ အနေနဲ့ tag လိုက်ဦးမယ်။ ဖြေကြနော် ဖြေကြ ချစ်လွန်းခင်လွန်းလို့ tag လိုက်တာ ဟီး ဟီး . . . .
- မခင်မင်းဇော်
- BlackDream
- ညိမ်းညို
- ကေသွယ်
- မဗေဒါ
- မွန်လေး
- Republic
- ဘလော့ဂ်မရေးဖြစ်တော့တဲ့ ကိုစိုးထက်ကိုတော့ ခွင့်လွှတ်လိုက်ပါတယ် ဒါပေမယ့် အီးမေးလ်ကနေ တစ်ဆင့်တော့ ဖြေလို့ရသေးတယ်။

6 comments:

RePublic said...

(ကို) zerotrash ကတော့ ပို့ပြီ ၊၊ဟက်ဟက်
သူများtag တွေဖတ်ရတာ အားလုံး ကောင်းတယ် ၊၊ ကိုယ့်ကျမှ ဒုက္ခဗျ ၊၊

Anonymous said...

ีကိုသုညကြီး အစ်ကိုကြိုက်တဲ့ အရောင်ကလည်းကြောက်ချာကြီးဗျား) အကြောက်ဆုံးအချိန်ကတော့ လန်းတယ်ဗျို့ 

Unknown said...

ရေးဆိုတော့လည်းရေးရသေးသပေါ့။ ကျောင်းတုန်းက အချိန်လေးတွေကို သတိရမိတာတော့အမှန်ပဲ...။ နောက်ဆုံးနေ့လေးတွေပေါ့ :)

Han Thit Nyeim said...

ကျေးဇူးပါပဲဗျို့...။

mabaydar said...

ကိုသုညကတော့လုပ်ပြီ.. အဟိ.. ဒါပေမဲ့ မဗေဒါကို နာမည်တပ်ပြီး tag တာ ကိုသုညက ပထမဦးဆုံးပဲ.. ချစ်လွန်းခင်လွန်းလို့ဆိုတော့လဲ....:P ပိုစ့်လေးကလဲ ရေးရတာသိပ်မခက်ဘူးဆိုတော့ ရေးလိုက်ပါဦးမယ်..
အိမ်မှာ အင်တာနက်ပျက်နေလို့ အွန်လိုင်းမလာဖြစ်တာ.. ရေးပြီးရင်လာအကြောင်းကြားမယ်နော်.. ကျေးဇူးနော်...

mabaydar said...

အရောင်ဆိုရင်………… နီနီရဲရဲ ပြဲပြဲကြီး (နီနီရဲရဲက ဟုတ်ပါပြီ.. ပြဲပြဲကြီးကဘာလဲ)
အချစ်ဆိုတာ………… ၁၅၀၀ တန်တွေက အများကြီးရယ် ဟီး ဟီး ဟီး
အမုန်းဆိုတာ………… မသိဘူး
အလွမ်းဆိုတာ………… ကုန်ကြမ်းတွေပေါ့ (ဒါတော့လက်ခံတယ်.. ဒါပေမဲ့.. အချစ်ဆိုတာ ၁၅ဝဝတန်.. အမုန်းဆိုတာမသိတဲ့သူအတွက် အလွမ်းဆိုတာကုန်ကြမ်းဖြစ်နိုင်ပါ့မလား) အလွမ်းဆိုတာအချစ်ရယ် အမုန်းရယ် အခြေခံပြီးမှဖြစ်တာလေ... ကိုသုည ဘာတွေဖုံးထားလဲ.. ၁ခုခုတော့၁ခုခုပဲ...