Sunday, August 26, 2007

ကိုယ်တိုင်ဗျူး အပိုင်း(၁)

သူများဗျူးတာ မခံချင်လို့ ကိုယ်ကိုတိုင်ပဲ ပြန်ဗျူးထားတဲ့ ကိုယ်တိုင်ဗျူး။
ဖတ်ပြီးလို့ နရင်း အုပ်ချင်စိတ်ပေါ်လာရင် မြိုသိပ်ထားလိုက်ပါ။
အော် ခမျာ ရူးနေရှာတယ်လို့ သဘောထားလိုက် အားလုံး OK သွားလိမ့်မယ်။
အပိုင်းလိုက် အတွဲလိုက် ကိုရီးယားကားလိုကို လာအုံးမှာ။
လုပ်နေတဲ့ အလုပ်တွေ ဘာတွေ လူမှုရေးတွေ ပညာရေးတွေ နိုင်ငံရေးတွေ စုံတကာစိစေရမယ်။
() ထဲက ဟာတွေက အသံမထွက်ပဲ ကြံစည်မှုတွေလို့ နားလည်ပေးပါ။

မသိစိတ်: ဘာလို့ Blog ရေးတာလဲဟင်
သိစိတ်: ဟင်း ဟင်း . . . ဒီလိုလေ သူများတွေလဲ ရေးနေကြတယ် ပြောနေကြတယ် ဆိုတော့ လူရှိန်အောင်ပေါ့ ဘာရယ်တော့ မဟုတ်ပါဘူး။ ကိုယ့်ကိုလည်း တောင်းဆိုထားတာ လေးတွေက ရှိနေတော့ ဟင်း ဟင်း။

မသိစိတ်: Blog ရေးဖို့အတွက် Idea တွေ ဘယ်လိုရပါသလဲ
သိစိတ်: အော် ဒါလား လွယ်ပါတယ် သူများ Blog တွေကိုကြည့် (ခပ်တည်တည်နဲ့ ကူးချ ပြီးတော့ ငါ့ဘာသာ ငါလုပ်တာဆိုပြီး ဂုဏ်ယူတာပေါ့) သိပ်တော့မခက်ပါဘူး ကော်ပီလုပ်တတ်တာပဲ ဟဲ ဟဲ။ ခေတ်ကိုက ကော်ပီခေတ်ကိုး။ ကူးတယ်ဆိုပေမယ့် Refrence လုပ်တာပါ ကိုယ်က အလုပ်များတယ်လေ သိတယ် မှတ်လား။ ကိုယ်တိုင် မရှာအားဘူးကိုး။

မသိစိတ်: Blogger တွေကို ဘယ်လိုမြင်ပါသလဲ
သိစိတ်: ပြောရရင်တော့ တော်တော် ပွါးနိုင် စပ်စုနိုင် သိနိုင်လွန်းကြတယ်လို့ မြင်ပါတယ်။

မသိစိတ်: IT Field ထဲမှာ ဘယ်လောက်ကြာခဲ့ ပြီလဲ
သိစိတ်: ဟား ဟား ဟား ဆယ်နှစ် ဆယ်နှစ် (ကျော်ဟိန်းလို လုပ်ရတာ အားရလိုက်တာ) အဲလောက်ကြာခဲ့ပြီ။

မသိစိတ်: (သောက်မြင်ကို ကပ်တယ် သူ့ကိုယ်သူ မင်းသားကျနေတာပဲ) ဒါဆို အတွေ့ အကြုံတွေတော့ တော်တော် များနေပြီပေါ့နော်
သိစိတ်: ဒါပေါ့ ဒါပေါ့ ဟဲ ဟဲ အတွေ့ အကြုံတွေမှ အများကြီး အများကြီး (ငတိ ငါ့ကို ကျိတ်ခိုက်သွားပြီ ဆက်ဖြီးအုံးမှ) ဘာတွေသိချင်လဲ ဟဲ ဟဲ မေးသာမေး။

မသိစိတ်: ဘယ်နိုင်ငံမှာ ပညာတွေ သင်ကြားခဲ့ဖူးပါသလဲ
သိစိတ်: No ဘယ်နိုင်ငံမှ မသွားဖူးဘူး မြန်မာပြည်ထဲမှာပဲ နေနေတာပါ။ ကိုယ်က ဥာဏ်ကောင်းတယ်လေ။ ဟင်း ဟင်း စာအုပ်တွေ ဖတ်တာပေါ့ အင်း သင်တန်းတော့ တစ်ခု နှစ်ခု တက်ဖူးပါရဲ့ သိပ်မကောင်းလို့ ဆက်မတက်တော့ဘူး သူတို့က ကိုယ်လိုချင်တာမှ မသင်နိုင်တာကိုး ဒီတော့ ကိုယ့်ဘာသာကိုယ်ပဲ Self Study ပေါ့။ သိတာ တတ်တာတွေတော့ အတော်များပါတယ်။ ဟင်း ဟင်း ဟင်း ပါရမီရှင်လေ ပါရမီရှင်ပေါ့။ (အရသာရှိလိုက်တာနော်)

မသိစိတ်: ဒါဆို ဘယ်လိုမျိုး ကိစ္စတွေကို တာဝန်ယူဖူးပါသလဲ
သိစိတ်: အရင်တုန်းကတော့ Developer ပေါ့ နောက်ပိုင်းကျတော့ ရာထူးတက်သွားတယ် ဟင်း ဟင်း အရည်အချင်းက တားလို့မှ မရတာကိုး ဟင်း ဟင်း Web Master ဖြစ်သွားတယ်။ နောက်တော့ စိတ်သိပ်မပါတာနဲ့ အလုပ်ထွက်လိုက်ပြီး ကိုယ်ပိုင် အလုပ်ပဲလုပ်တော့တယ် သိတယ်မဟုတ်လား Company တွေက Pay နည်းတယ်လေ (ဘုရား ဘုရား ငါ့ကို ဟို Company က သဘောမကျတာတော့ သူမသိလောက်ပါဘူးလေ)။ ကိုယ်ပိုင် အလုပ်မှာကျတော့ စိတ်ကြိုက်ဖြစ်တာပေါ့နော် ၀င်ငွေလဲ ပိုကောင်းတာပေါ့။ ကိုယ်က အရည်အချင်း ရှိပြီးသားပဲ ဟင်း ဟင်း (ကွိုင်ပဲ အကြွေးရှင်တွေများ ငါ့ဗျူးကို ဖတ်မိမလား မသိဘူး)

မသိစိတ်: (အခွက်ကိုက နာရင်းအုပ်ချင်စရာ လာဖြီးနေတာ ပေါ်တင်ကြီး နဲနဲ ကျပ်ပေးလိုက်အုံးမှ) ဒါဆို ကိုဇီးရိုးက လုပ်ငန်းပိုင်ရှင်ပေါ့နော် လုပ်ငန်းတွေ အောင်မြင်အောင် ဘယ်လို လုပ်ဆောင် နေပါသလဲ ဘယ်လို လုပ်ငန်းမျိုးတွေ လုပ်ထားပါသလဲ။
သိစိတ်: ကိုယ်ပိုင်လုပ်ငန်း အနေနဲ့ စစခြင်း Cyber Cafe ဖွင့်တယ်လေ ပြီးတော့ နောက်တစ်ဆင့်တက်ပြီး Web Development ကုမ္ပဏီ လုပ်လိုက်တယ် ခုလက်ရှိလဲ လုပ်နေဆဲပါ နှစ်ခုလုံးကို အော် ဒီကြားထဲ ဟိုက Share ခေါ် ဒီက Share ခေါ်နဲ့ ဆိုတော့ သူများတွေဆီမှာ အသေးသုံး Share လေးတွေတော့ ထည့်ထားသေးတာပေါ့။ ဟင်း ဟင်း ကိုယ်က အောင်မြင်တဲ့သူကိုး။

ဆက်လက်ဖေါ်ပြသွားပါမည် . . . အပိုင်း (၂) မျှော် . . .

No comments: