Sunday, August 26, 2007

ပဲ့တင်သံများ

မှားပါတယ် မှားပါတယ် . . . ဒီ Blog ရေးပြီး ကထဲက လူက အိပ်ကောင်းခြင်း မအိပ်ဖြစ် စားကောင်းခြင်း မစားဖြစ်နဲ့။ သူများ Blog တွေ ၀င်မွှေ ဟိုစပ်စပ် ဒီစပ်စပ် စပ်စု ပြီးတော့ ဒါလေးတော့ လုပ်အုံးမှ ဟိုဟာလေးတော့ လုပ်အုံးမှနဲ့ ကဲ ခုကြည့် မနက်လင်းသွားပြီ။ တော်သေးတာပေါ့ တနင်္ဂနွေဆိုတော့ အလုပ်ပိတ်ရက်မို့လို့။ နို့မို့ဆို မလွယ်ရေးချမလွယ်။ သူများ Blog တွေဖတ်ပြီး ကိုယ့် Blog ကိုယ်ကို အားမရ။ လက်ဆော့ ချင်တဲ့ အကျင့်ကဆိုးပ။ ခုလဲ အိပ်မယ်ဆိုပြီးမှ အစာပိတ်လေး ဒီစာတစ်ပိုဒ်တော့ ရေးမယ် ဆိုပြီး ဆက်ရေးနေမိသေးတယ်။ အားပါး ရပ်မရဘူးဟေ့။ ကဲ ကွယ် ခုတော့ တော်သေးပြီ။

No comments: