ခုတစ်လော စိတ်တွေ ရှုပ်နေတာများပြီ ဘာလုပ်ရရင် ကောင်းမလဲဆိုပြီး တွေးနေမိတယ် Blog တစ်ခုလောက် စမ်းပြီး ရေးချင်စိတ် ပေါက်လာတာနဲ့ ဒီ Blog လေးကို လုပ်ဖြစ်သွားတာပါ Web 2.0 ဟာ လူတွေကို စွဲလန်းစေတယ် ဆိုတာ Blog လုပ်နေရင်းနဲ့ ပိုပြီး သိသာလာတယ် ကိုယ့်ဘာသာကိုယ် ဖိုးဝ portal မှာ Administration အပိုင်းပဲ လုပ်ဖြစ်တော့ Coding တွေကိုမေ့နေတာ ကြာပြီ ခုမှ ဒီ Blog မှာ စမ်းတ၀ါးဝါးနဲ့ ပြန်ကြည့်နေရတယ် ဒီ Blog ထဲမှာ ရောက်တတ် ရာရာလေးတွေ စိတ်ကူးလေးတွေ စာတိုပေစလေးတွေ ရေးမယ်လို့ စိတ်ကူးထားတယ် ၀င်ဖတ်တဲ့ လူတွေကို အကျိုးရှိစေချင်တယ် ပျော်စေချင်တယ် ကျေနပ်စေချင်တယ် တတ်နိုင်သလောက်တော့ ရေးပါ့မယ် . . .
Saturday, August 25, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment