Saturday, August 25, 2007

အတွေ့ အကြုံများ (၁)

တနေ့ တနေ့ အင်တာနက် Connection နဲ့ပဲ စိတ်ပျက်နေရတယ်။ တနေကုန် တက်လိုက် ကျလိုက်နဲ့ ဖုန်းဆက်ပြီးပြောတော့လဲ အလကားပဲ MPT DSL ကောင်းတယ်ဆိုလို့ ပြောင်းသုံးတုန်းတာ စစခြင်း ၁ လ လောက်ပဲ တစ်ကယ်ကောင်းတယ် ခုမကောင်းတော့ပြန်ဘူး မကောင်းတာ ၇ လ လောက်ရှိ ရော့မယ်။ အဲဒီတုန်းက Bagan DSL မကောင်းလို့ ထပ်ဝယ်လိုက်တာ။ လွန်ခဲ့တဲ့ ၁ လ လောက်ကမှ သူငယ်ချင်း တစ်ယောက်ကို ပြန်ရောင်း လိုက်တာ။ ခုတော့ Bagan က Connection ကောင်းနေတယ်တဲ့။ ကဲ ဘယ်သူ့ကို ယုံစားရမှာလဲ။ Wimax လဲ ကြားတယ် Bandwidth ထပ်ဝယ်တာလဲ ကြားတယ်။ လက်ရှိ Connection ကိုရော ဘယ်လိုလုပ်မှာလဲ။ မနှစ်ကစပြီး Cyber Cafe လေးဖွင့်ထားတယ်။ ဒီနှစ် Portal တစ်ခုလုပ်တယ်။ အားလုံး ဒီ Connection ကို မှီခိုနေရတဲ့ အလုပ်တွေ ချည်းပဲ။ ခုဘယ်လို လုပ်စားရတော့မှာလဲ။ ဘယ်သူ့ကို မေးရမှန်းလည်းမသိ။ အော် ငါကိုက ဖျင်းတာပါ အဲလိုပဲ တွေးမိပါရဲ့။ ခေတ်အမှီဆုံး ဆိုတဲ့ အလုပ်တွေချည်းပဲ ရွေးလုပ်ကာမှ ခွေးဖြစ်တော့မယ် ထင်ပါရဲ့။ ခု Connection က တက်လိုက် ကျလိုက်နဲ့ Gateway ကို Ping လို့ရှိရင် အခါ ၁၀၀ မှာ ၃၅ ခါလောက် Request Time Out နဲ့ညားတယ်။ ရတဲ့ Connection က Gtalk ဆို Connecting . . . Singing In . . . Connecting . . . ဒါမျိုး။ Web Browsing ဆို Google တက်ဖို့တောင် ဆေးလိပ် တစ်ဝက်ကျိုး လောက်ကြာရဲ့။ အေး ပေါ့လေ ဒါတွေက နိုင်ငံခြားက Server တွေကနေ ဖြတ်ပြီး မြန်မာပြည် လာရတာဆိုတော့ ကြာပေမပေါ့ နော့ . . . ဟုတ်တယ်ဟုတ်။ ခွင့်လွှတ်ရမှာပေါ့ သည်းခံရမှာပေါ့။ မကောင်းရင် မသုံးနဲ့ပေါ့ ဆိုတော့လဲ အင်း ၀ယ်ထားပြီးသား ပိုက်ဆံ ဘယ်သူက ပြန်အမ်းမှာ တဲ့လဲ။ ဖွင့်ထားတဲ့ Cyber Cafe လေးက နေ့တိုင်း ၀င်ငွေ ကောင်းရှာသားပဲ တနေ့ ၃၀၀၀ နဲ့ ၅၀၀၀ ကျပ် ကြားလောက်တော့ စီသား။ မဆိုးဘူးပေါ့ ထမင်းတော့ စားလို့ရတာပ။ ထားပါ ထားပါ ငတုံးပဲ ခံပေါ့။ လျှာရှည်တာကိုး။ အင်းယားလမ်းမှာ ၀က်သား ဒုတ်ထိုးရောင်းတဲ့ ကောင်တွေတောင် ခုကားနဲ့ ဘာနဲ့။ တောက် ဒီလိုမှန်းသိရင် ဒုတ်ထိုးပဲ ရောင်းစားမှာပေါ့။ ဈေးကွက် စီးပွါးရေးမှ နားမလည်တဲ့ ကောင်ပဲ ခံဟဲ့။ ပြောလိုက်ရင်တော့ အိမ်မှာ လေကြီးမိုးကြီး အဖေ အမေ မေးရင်တောင် ဒီလောက် ခေတ်မှီတဲ့ အလုပ်လုပ်နေတာ ဘာတွေလာပြော နေတာလဲ ပြန်အော်လိုအော် . . .။ အော် ကံကြီးထိုက်တာလားမသိ။ သူတို့ ပြောသလို တခြား တိုလီမုတ်စလေး ဘာလေး ရောင်းစား ရင်တောင် ခုလောက်ဆို အဆင်ပြေလောက်ရဲ့။ ခုတော့ဗျာ သေပြီဆရာလို့ အကြိမ်ကြိမ် အော်နေရတဲ့ ဘ၀။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့။ zeRoTraSh တို့ ခေတ်မှီတဲ့ အလုပ်တွေ လုပ်နေတာနော် ဟင်း ဟင်း . . . ဘာမှတ်နေလဲ။ နောက်မှ ထပ်ပြီး Cyber Cafe ဖွင့်တဲ့ အတွေ့ အကြုံတွေ Portal လုပ်တဲ့ အတွေ့ အကြုံတွေ ထပ်ပြောပြမယ်။ ခုတော့ Connection မကောင်းသေးလို့ သည်းခံကြ။ ခင်ဗျားတို့လဲ မှတ်ထားနော် ၃၇ မင်း နတ်တွေ ကိုင်ရင် ဘာဖြစ်လဲတော့ ကျွန်တော်မသိဘူး အင်တာနက် ကိုင်ရင်တော့ အသက်တိုတတ်တယ်။ တော်သေးပြီ။

No comments: