Tuesday, August 28, 2007

ကိုယ်တိုင်ဗျူး အပိုင်း(၂)

မသိစိတ်: ဒီလိုဆို ကိုဇီးရိုးရဲ့ ၀င်ငွေက ကိုယ်ပိုင် အလုပ်လုပ်ပြီး ကထဲက တော်တော်များ သွားမှာပေါ့နော်
သိစိတ်: ဒါပေါ့ညီရာ ဒါပေါ့ ခုဆို များလွန်းလို့ စာရင်း တော်တော် လုပ်ထားရတယ် ဟင်း ဟင်း (တောက် ဘာတွေလာမေးမှန်း မသိဘူး အရင်လက အကြွေးရယ် ဒီလယူထားတဲ့ အကြွေးရယ် ပေါင်းရင် အင်း. . . တော်တော်များနေပြီ ကွိုင်ပဲ)

မသိစိတ်: အကို့ရဲ့ လုပ်ငန်းအတွေ့ အကြုံလေးတွေ ရှင်းပြပေးပါအုံး
သိစိတ်: ပြောရရင် တအားရှည်သွားမယ်။ ဒီလိုလုပ်လေ Blog မှာပဲ ဆောင်းပါးအနေနဲ့ ရေးပေးလိုက်ပါ့မယ် ကျန်တဲ့ သူတွေလဲ နမူနာယူ ရတာပေါ့ အဲဒါ ပိုကောင်းမယ် ထင်တယ်။

မသိစိတ်: (လဒ ဖြီးမလို့ စဉ်းစားမရတိုင်း လျှောက်ပြောတယ်) ဘယ်အသက် အရွယ်မှာ စပြီး အလုပ်လုပ် ခဲ့တာလဲ ခင်ဗျာ
သိစိတ်: ၁၆ နှစ်သား လောက် ကထဲက အလုပ်လုပ်တာပါ။

မသိစိတ်: ဘယ်အလုပ်ကို စလုပ်ဖြစ်တာပါလဲ
သိစိတ်: Programmer ပါ။

မသိစိတ်: ဘယ်လို Programming မျိုးကို အသုံးပြုခဲ့ ပါသလဲ ဘာတွေ ရေးခဲ့ရပါသလဲ ဘယ်လိုမျိုးလေ့လာ လိုက်စားခဲပါသလဲ (မှတ်ထားကွ မဖြေနိုင်လို့ကတော့ သေပြီသာမှတ် အရှက်ကို ဟက်တက်ကွဲ စေရမယ်)
သိစိတ်: (ဟာ ဒီကောင် ငါ့ကို ဘလိုင်းကြီး နွှာတယ်) အော် ဒါလား၊ အင်း ဒီလိုလေ . . . အဲဒီတုန်းကတော့ C ပေါ့(D တော့ မဟုတ်လောက်ဘူး) ဒါပေမယ့် ခက်တာက ဂျပန် ကုမ္ပဏီလေ၊ ဂျပန်လိုတွေပါ ရေးရတယ်။ ပြောရရင် ညီလေး လိုက်နိုင်မယ် မထင်ဘူး။ရေးခဲ့ဖူးတယ်ပေါ့ကွာ။ ဘယ်လိုလေ့လာ သလဲဆိုတော့ KMD တို့ MCC တို့မှာ တက်ခဲ့ဖူးတဲ့ အခြေခံလေးရယ် စာအုပ် ရှာဖတ်တာရယ်ပေါ့။ အင်တာနက်က မကျယ်ပြန့်သေးဘူးလေ E-Book တွေ ဘာတွေ သိပ်မသိသေးဘူး။ ဖတ်တာ ကတော့ကွာ ဘာလာလာ ဖတ်တာပါပဲ (တွတ်ပီတို့ သမိန်ပေါသွပ်တို့ ဟီ ဟိ)။ စာအုပ်တွေလဲ ၀ယ်ထားတယ်ကွ ဟင်း ဟင်း ဗီဒို တစ်လုံးနဲ့အပြည့်လောက် ဖြစ်နေပြီ (မိန်းမက မနေ့က ပြောတော့ ရှင့်စာအုပ်တွေ ရောင်းလိုက်မယ်တဲ့ ဖတ်တာလဲ မဟုတ်ဖူးတဲ့ လူအထင်ကြီးအောင် လျှောက်လုပ်မနေနဲ့တဲ့ ဒီမှာ ထမင်းစားဖို့ အရေးကြီတယ်တဲ့) ညီလေး လိုချင်တဲ့ စာအုပ်ရှိလဲ ပြောပေါ့ ကိုယ် ငှားပါ့မယ်။

မသိစိတ်: ဂျပန် ကုမ္ပဏီမှာ လုပ်ခဲ့တယ် ဆိုတော့ ဂျပန်လိုလဲ တတ်မှာပေါ့နော်
သိစိတ်: အာ. . . နဲနဲ ပါးပါးပါ ရတော့ ရပါတယ် ဟဲ ဟဲ မပြောတာ ကြာတော့ မေ့တေ့တေ့ရယ် (အဲဒါကြောင့် ထွက်ရတာ အဲဒါကြောင့် ဟင်း)

မသိစိတ်: အကို့ Cyber Cafe အခြေအနေ ဘယ်လိုရှိပါသလဲ (ဖြေလိုက်စမ်းပါ ဟင်း ဟင်း ဟင်း ဖြေလိုက်စမ်းပါ)
သိစိတ်: ကောင်းပါတယ် ရန်ကုန်မှာ အကောင်းဆုံး စာရင်းဝင်ပါတယ် လူစည်တယ်လေ ဟင်း ဟင်း Connection ကလဲ သိပ်ကောင်းတာဆိုတော့ ဒါတောင် ကိုယ်က သိပ်အာရုံ မစိုက်နိုင်တော့လို့ Web ဘက် အခြမ်းမှာ အားထည့်နေရတော့ ပစ်ထားသလို ဖြစ်နေတယ် ဒါပေမယ့် OK ပါတယ် (မင်းမို့လို့ မေးရက်တယ်ကွာ တောက် . . . ဆိုင်က လကုန်ရင် ပိတ်ရတော့မှာ လူလဲ မရှိဘူး နာမည်လဲ ပျက်နေပြီ ဟင့် . . .)

မသိစိတ်: ဒါဆို စိတ်ကူးထားတဲ့ အနာဂတ် လုပ်ငန်းလေး အကြောင်း တစ်ဆိတ်လောက် ပြောပေးပါလား
သိစိတ်: ဒီလိုရှိတယ် ကိုယ် အခု Portal တစ်ခု လုပ်နေတယ်လေ။ အားလုံးအတွက်ပါ ဟင်း ဟင်း အနစ်နာခံပြီး လုပ်နေတာ ပြီးရင် Search Engine ဘက်ကို ကူးမယ် ၀ါသနာလဲ ပါတာကိုး။ မြတ်စွန်းမှုက အဓိက မဟုတ်ပါဘူး (ငွေရရင်ပြီးရော) စေတနာပါ (ငါ ချမ်းသာဖို့ အရေးကြီးတယ်) သိပ်အောင်မြင်သွားလို့ Google က နေ၀ယ်မယ် ဘာမယ်ဆိုရင်တောင် အမျိုးသားရေး စိတ်ဓါတ်အရ မရောင်းဘူး(လာဝယ်လို့ကတော့ ရွှေပဲ။ မိန်းမကို စိန်စီပေးမယ် Mercedez ကားစီးမယ် တိုက်နဲ့ခြံနဲ့ နေမယ်) ကိုယ်တို့ အမျိုးသားပိုင်ပဲ ဖြစ်ရမှာပေါ့ကွာ ဟုတ်ဖူးလား။

မသိစိတ်: Portal လုပ်တယ်ဆိုတော့ လူအင်အား ဘယ်လောက်နဲ့ စလုပ်ပါသလဲ
သိစိတ်: ၀န်ထမ်းခန့်ရတာပေါ့။ အင်း ၈ ယောက်လောက်နဲ့ စတာ (ဟိုကောင်ရယ် ငါရယ် z@cker ရယ် zeRoTraSh ရယ် ဒါကို ၂ နဲ့ မြှောက် ခွိ ခွိ ဒင်းလာ ကြည့်တာမှ မဟုတ်တာ အေးဆေးပေါ့)

မသိစိတ်: အကို့ Portal ကို တနေ့တနေ့ လူဘယ် နှစ်ယာက် ၀င်ပါသလဲ
သိစိတ်: လူတိုင်း သုံးပါတယ် ကြည့်ကြပါတယ် လူသိများတယ် တချို့ဆို တနေကုန်ကို ၀င်နေကြတာ (ငါ့ဘာသာငါ တစ်ယောက်ထဲ Refresh လုပ်ရလွန်းလို့ လက်ကို အန်သေနေပြီ)

အားလုံးလဲ ခုလောက်ဆို အမြင်တော်တော် ကပ်လောက်ရောပေါ့ တတ်နိုင်ဘူး ရေးအုံးမှာပဲ။
ဆက်လက်ဖေါ်ပြသွားပါမည် . . . အပိုင်း (၃) မျှော် . . .

1 comment:

Yan said...

ရီနေရတယ်ဗျာ.
တော်တော်လည်း ဗျူးနိုင်တာပဲ. မေးတဲ့သူနဲ့ဖြေတဲ့သူများ ဟပ်နေတာ တစ်ယောက်တည်းလား အောက်မေ့ရတယ်... ဟတ်ဟတ်ဟတ်

လာလည်သွားတယ်ဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်