Monday, August 27, 2007

အတွေ့ အကြုံများ (၂)

ဟိုနေ့ကပဲ အင်တာနက် Connection အကြောင်း ပြောပြထားတယ်။ ဟော . . . ဒီနေ့ ထက်ပြောပြမယ် ဒီတစ်ခါ ပုံလေးပါ ပြမယ် ကျွန်တော် သုံးနေတဲ့ အင်တာနက် Connection Status လေးပေါ့ဗျာ။ ကြိုက်ရင် ကူးထားလိုက်ကြ။ IP address ကတော့ ဖျက်ထားတယ် တော်ကြာ ဟက်ကာနဲ့ တွေ့မှ ပန်လန်လက်နေမှာ စိုးလို့။ ဒါတော့ ကြောက်တယ်ဗျ။ ကဲ အောက်ကပုံကို ကြည့်။



တွေ့တယ်ဟုတ် Loop ပတ်နေတာ ဒါမျိုး။ ကောင်းလိုက်တဲ့ Connection လွှတ်ကို ကောင်းတာ။ ဒီလို Connection နဲ့မှ စီးပွါး မပျက် ဘယ်တော့မှ စီးပွါးပျက်မှာ မဟုတ်ဘူး။ ပြောပြီး ပါရောလား ခေတ်အမှီဆုံး စီးပွါးရေး လုပ်နေတာလို့ Connection ပေါ်မှာ မှီခိုနေရတယ်လို့။ ဘယ်သူကမှ အရေးတယူလုပ်ပြီး မပြင်ပေးဘူး။ အေးပေါ့လေ သူတို့မှာလဲ ကိုယ့်ထက် အရေးကြီးတာတွေ လုပ်နေကြရတာကိုး။ လာလုပ်ပေးတော့လဲ ငွေစလေးက ထွက်ရော တောင်းရှာတာ မဟုတ်ပါဘူး ကိုယ်ကိုက မနေနိုင် မထိုင်နိုင် ပေးမိတာ။ စီးပွါးရေးကိုးဗျ စီးပွါးရေးကိုး။ ဒီလောက်တော့ သိတတ် ရပေမပေါ့။ Complaint ကို ဖုန်းမဆက်ဘူးလား မေးကြမှာပေါ့နော့ အော် ဆက်ပါတယ်ဗျာ ဆက်ပါတယ် သူတို့ ဖုန်းတွေ တောင် လိုင်းမကောင်းဘူး။ ဆက်ရင် ကိုင်မယ့်သူ မရှိသလို ဖြစ်နေတာ ဟဲ ဟဲ ဖုန်းလိုင်းပျက် နေလို့ နေမှာပါနော့။ ဟုတ်တယ်ဟုတ်။ တစ်ခါ တစ်ခါ ဖုန်းကောင်းနေရင် ကိုင်သားပဲကလား။ ပြန်မဖြေဘူးလားလို့ ခင်ဗျားကမေးတယ်။ ဖြေတာပေါ့ သိပ်ဖြေတာပေါ့ ဒါပေမယ့် ဖြစ်တာ ကိုမြန်မြန် ပြောရတယ်။ သူတို့လဲ သိပ်မအားဘူးလေ ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာ။ Customer ကိုဂရုစိုက် ကြပါတယ်။ သူတို့ဆီမှာ ကောင်းတယ်တဲ့ လိုင်းကဖြစ်တာတဲ့ ပြောသေးတယ် သူတို့က ခင်ဗျားတို့ကို စပြီးဆင်ပေးခထဲက သင်ပေးထားတာပဲ ဒီမီးလေး မငြိမ်ရင် လိုင်းက ဖြစ်တာ ဖုန်းရုံးကိုပြောတဲ့။ ဟုတ်ကဲ့ ဖုန်းရုံးကိုလဲ ပြောရလွန်းလို့ အာပေါက်နေပြီ သူတို့ကတော့လာစစ်ပေးတယ်။ လိုင်းက လုံးဝ Clear ဖြစ်နေတယ်။ အဲ Complaint ကို ဖုန်းထက်ဆက်တော့ မီးကတော့ ငြိမ်သွားပါတယ် ဒါပေမယ့် Loop ပတ်သလိုဖြစ်နေတယ် Connection ကဆိုတော့။ သူက ပြန်ရှင်းပြ တယ်ခင်ဗျ။ လေသံကတော့ Metallica က အဘ ခေါ်ရမယ် သိပ် အသံကောင်းတဲ့သူတွေ၊ အသံသိပ်အောင်တာ ပိုက်ဆံရှိရင် စီးရီး ထုတ်ပေးမယ်။ ခင်ဗျား သုံးတဲ့ DSL က Korea ကဟာဗျ ခု India ကလာတဲ့ ဟာတွေပဲ ရှိတယ် Port တွေ Change ဖို့ လိုနေတာ ပစ္စည်းမရှိဘူး ဂွပ်။ ဂွပ် ဆိုတာ ဖုန်းချတဲ့ အသံ။ အော် ဒါဆို ကျွန်တော်က ဘယ်သူ့ကို ပြောရမှာလဲ ဟင်။ ခုလိုပဲဆိုရင် သူတို့ အသစ် ထွက်တိုင်း ကိုယ်က အဲဒီဟာ လိုက်ဝယ်ရမှာလားဟင် မသိလို့မေးတာပါ။ ၀ယ်ဖို့ဆိုတာ ပိုက်ဆံလိုတယ်လေ။ တွင်းထဲက ထွက်နေတာမှ မဟုတ်တာ။ အော် ပြောရအုံးမယ် ကျွန်တော့ ရုံးမှာ ဆိုရင်လေ ကလေးတွေက Google တက်လာတာတွေ့ ရင် သိပ်ပျော်တာ။ ဟုတ်တယ် သူတို့ တနေကုန် Google ဘယ်သူ့စက်မှာ အရင် တက်သလဲလို့ အလောင်း အစားလေး ဘာလေး လုပ်ကြတာ။ ပျော်စရာကြီးပါလား ဟရို့။ ခုဆို ကျွန်တော်တောင် ၀င်ပြီး လောင်းတတ်နေပြီ။ တချို့ကတော့ အကြံပေးတယ် လူကြီးတွေနဲ့တိုင်တဲ့။ တိုင်တာပေါ့ ကျွန်တော် တိုင်တာပေါ့ အသက်ကြီးကြီး လူကြီးတွေကို ရှာပြီးကို တိုင်ပစ်လိုက်တယ်။ ဟင်း ဟင်း ဘာဖြစ်တယ် ထင်လဲ။ သူတို့က အသက်ကြီးတော့ နားလေးတယ်ဗျ။ အော် ပြောရတာ။ အဲလိုဆိုတော့ ပတ်ဝန်းကျင် အမြင်အရမသင့်တော်ဘူးလေ။ လူကြီးတွေကို အော်ပြောတယ်ဆိုတော့ ရိုင်းတာပေါ့ နော့။ သိတော့ပါဘူးဗျာ ဘာဆက်လုပ်ရမယ်မှန်း။ ခင်ဗျားတို့လဲ ကျပ်ကျပ် သတိထားကြ။ ယောင်လို့မှ Connection ကိုမှီခို ရတဲ့ အလုပ်ဆို မလုပ်နဲ့။ ကြည့် ဒီမှာ နမူနာယူ။ ဘ၀ဆိုတာ သူ့ဘာသာသူလဲ ပျက်တတ်တယ်။ အော် ဒါနဲ့ စကားမစပ် ကျွန်တော် သုံးနေတာက MPT ADSL ခင်ဗျ။ MPT ADSL . . .

No comments: