Tuesday, August 28, 2007

Blogger များ လက်ဆင့် ကမ်းပေးကြပါ

Blog ကို အစတုန်းက သိပ်ပြီး စိတ်ဝင်စားမှု မရှိခဲ့ဘူး။ ကိုယ်တိုင်လုပ်ဖို့ ဆိုတာ ဝေးရော။ ဒါပေမယ့် တစ်ရက်မှာ Blog တွေ လျှောက်မွှေ ဖြစ်သွားတယ်။ မွှေရင်းနဲ့ စဉ်းစားမိတာလေးတွေလဲ ရှိတယ်။ ဘာလို့ Blog ရေးကြတာလဲ။ ဘာလဲပေါ့ ဒါနဲ့ တွေ့သမျှ Blog အကုန်နီးပါး လျှောက်မွှေတာပေါ့။ ဖတ်တယ် စိတ်ဝင် တစားနဲ့ ဖတ်ဖြစ်သွားတယ်။ ဖတ်လို့ ကောင်းတာတွေ ရှိသလို။ မကောင်းတာလဲ ရှိတယ်။ ညီလင်းဆက်ရဲ့ မြန်မာ Blog Directory ကိုလည်း ၀င်ပြီး List တွေကြည့်တယ်။ အချိန်ယူပြီး လိုက်မွှေကြည့်တယ်။ အများစုက မန္တလေးက ထင်တယ်နော့။ ဒါမှမဟုတ် ကျွန်တော်ဝင်တာ မန္တလေးက Blog တွေပဲ ဖြစ်များနေသလား မသိ။ ဒါတော့ မသေချာသေး။ ထားပါ ဘယ်ကများများ ကိုယ့်နိုင်ငံကပဲ ပြဿနာမရှိပါ။ ဒါနဲ့ ကျွန်တော်လည်း Blog တစ်ခုလောက် လုပ်ချင်စိတ် ပေါက်လာရော။ လုပ်လိုက်ပါတယ် Saturn God ရဲ့ အညွှန်းတွေ ညီလင်းဆက် ရဲ့ အညွှန်းတွေ ကိုမောင်လှရဲ့ အညွှန်းတွေဖတ်တယ်။ သိထားတဲ့ Coding လေးတွေနဲ့ လုပ်ကြည့်တယ်။ အဲ ပြီးသွားတယ် မဆိုးဘူးလို့လဲ စိတ်ထဲထင်လိုက်တယ်။ ကဲ ဒီမှာပဲ ဇာတ်က စပါတော့တယ်။ Blog ရေးတော့ ကိုယ့် Blog လေး လူလာစေချင်တယ်။ သူများ Blog လေးတွေမှာ ၀င်ပြီးဖတ်ချင်တယ်။ အချိန်ပေးရပြီပေါ့။ ကျွန်တော့ အလုပ်က ခုရက်ပိုင်း Danger Zone ထဲရောက်နေတယ်။ အဲဒါ ညဘက်ဆို မအိပ်တော့ဘူး Blog တွေလိုက်ဖတ်တယ် လင်းခါနီးမှ အိပ်ဖြစ်တယ်။ အိမ်လည်း မပြန်တော့ဘူး ရုံးမှာပဲ နေဖြစ်တော့တယ်။ နေ့လည်လောက်မှ ထမင်းစား ခဏလောက်ပြန် ဖြစ်တယ်။ မနက်ကတော့ ကျွန်တော့ သူငယ်ချင်းနဲ့ ကျွန်တော် တိုင်ပင်ဖြစ်တယ် ငါ Blog တွေ အတွက် တစ်ခုခု လုပ်ချင်တယ်လို့။ MM Blog Directory တော့ရှိပါရဲ့ ကျွန်တော်က တော့ထပ်ပြီး ညွှန်းချင်သေးတယ်။ Blog တစ်ခုခြင်းစီကို Description လေးတွေနဲ့ပေါ့။ ပြီးတော့ ကျန်တဲ့ သူတွေရဲ့ Description လေးတွေပါ လိုချင်ပါတယ်။ ဟုတ်ပြီ ခင်ဗျားတို့က ကျွန်တော့ကို မေးမယ် မင်းက ဘယ်မှာ လုပ်မှာလဲ။ ဟုတ်ကဲ့ ကျွန်တော်ဖြေပါ့မယ် မဖြေခင် ကျွန်တော့ အလုပ်နဲ့ ကျွန်တော့ အကြောင်းလေး မိတ်ဆက်ပါရစေ။ ကျွန်တော်ဟိုး စစခြင်းကထဲက PORTAL SITE တစ်ခု လုပ်ချင်ခဲ့တာပါ။ လုပ်ဖြစ်တာက တော့ ၂၀၀၇ ဧပြီရောက်မှ လုပ်ဖြစ်ခဲ့တယ်။ ကျွန်တော့ Site နာမည်က ဖိုးဝ ပါ။ ကျွန်တော် အဲဒီ ဖိုးဝ ကို အသက်ထက် ချစ်ပါတယ်။ နေ့တိုင်းလဲ အဲဒီ အတွက် အလုပ်လုပ်တာပါ။ ပိုက်ဆံရတဲ့ အလုပ်တွေကို ရပ်လိုက်ပြီးတော့ကို လုပ်တာပါ။ ကျွန်တော့် ဖိုးဝ ကို ကျွန်တော် ဒီလကုန် ၃၁ ရက်နေ့မှာ FULL VERSION RELEASE လုပ်မယ်လို့ ကြေငြာထားပါတယ်။ ဖိုးဝ Home Page မှာ ဖတ်ကြည့်နိုင်ပါတယ်။ ကျွန်တော် ဖိုးဝကိုလုပ်တာ အရှုံးနဲ့ လုပ်တာပါ။ ၀ါသနာပါလို့ ပြီးတော့ မြန်မာ မီဒီယာ တစ်ခုဖြစ်စေချင်လို့။ PORTAL အစစ် ဖြစ်စေချင်လို့ပါ။ ဒါကြောင့်လည်း Subdomain ကအစ ခွဲထားခဲ့တာပါ။ ဒီလို အရှုံးခံပြီး လုပ်ဖို့အတွက် အနောက်ကနေ ပံ့ပိုးပေးတဲ့ ကျွန်တော့ သူငယ်ချင်းတွေကို ကျေးဇူး အထူးတင်ပါတယ်။ ကျွန်တော့ဆီမှာ ၀န်ထမ်း ၉ ယောက်ရှိပါတယ်။ သူတို့ရယ် ကျွန်တော်ရယ် ကျွန်တော့ သူငယ်ချင်း Web Master ရယ်ပေါင်း ၁၁ ယောက် ဒီ ဖိုးဝကို အားကြိုးမန်တက်လုပ်ပါတယ်။ Update ကိုလဲ တတ်နိုင်သမျှ တင်ပေးပါတယ်။ ဓါတ်ပုံတွေ အင်တာဗျူးတွေ သတင်းတွေက အစ ကျွန်တော် အကုန်လုံး ၀ယ်ရပါတယ်။ ဒါတောင် ကျွန်တော့ သူငယ်ချင်း ဓါတ်ပုံဆရာ တစ်ယောက်ရှိလို့ တော်သေးတယ်။ အဲဒီတော့ ကျွန်တော့ ကုန်ကျ စရိတ်က တစ်လ တစ်လကို ၁၀ သိန်းကျော် ကုန်ပါတယ်။ ၀င်ငွေက ဘာမှ မရှိသေးပါဘူး။ ခုမှ ကြော်ငြာလေး တစ်ခု နှစ်ခု ရခါစရှိပါသေးတယ်။ ကျွန်တော်က စာရေးဆရာတွေဆီကနေ စာမူတွေ ၀ယ်ပါတယ်။ မဂ္ဂဇင်းတိုက် တစ်ခုလို စာမူခတွေ ပေးရပါတယ်။ အားလုံးကို အသိပေးပြီးမှ ခွင့်ပြုချက်ရမှ လုပ်ချင်လို့ ဒီလို အကုန်အကျ ခံပြီး လုပ်နေတာပါ။ ရေရှည်ရပ်တည်ချင်လို့ပါ။ ကဏ္ဍတွေလည်း စုံလင်အောင် လုပ်ရပါသေးတယ်။ Userတွေ ကြိုက်နိုင်မယ့် ဟာတွေကို ရှာပေးရတယ် ထည့်ပေးရတယ်။ ကျွန်တော် မတင်းတိမ်သေးပါဘူး။ မကျေနပ်သေးပါဘူး။ ဒီထက်ပိုပြီး လုပ်အုံးမှာပါ။ ခုလည်း Blog List တွေ မြန်မာ Site List တွေကို ထည့်ပေးမလို့ပါ အဲဒီမှာ User တွေအနေနဲ့လည်း ၀င်ရောက်ပြီး ညွှန်းလို့ရမယ်။ Description တွေ ပေးလို့ရမယ် ဆိုရင် ပိုကောင်းလာမယ်လို့ ထင်ပါတယ်။ ဘယ် Blog ကတော့ ဘာတွေရှိတယ် ညာတွေရှိတယ် ပေါ့ဗျာ။

ဥပမာ - Saturn God ရဲ့ Blog မှာ ခုမှ အသစ်လုပ်ချင် တဲ့ Blogger တွေ အတွက် လမ်းညွှန်ရှိတယ်။
ညလေးရဲ့ Blog မှာ ကဗျာ လှလှလေးတွေ ရှိတယ်။
ကေသွယ်ရဲ့ Blog မှာ Blogger တွေကို အင်တာဗျူး ထားတာလေးတွေ ရှိတယ်။


ဒါမျိုးတွေကို ပြောတာပါ။ ၀ိုင်းပြီး ရေးလိုက်ကြရင်တော့ ပိုမြန်မယ် ထင်ပါတယ်။ တစ်ယောက်ထဲရဲ့ Description ထက် အများရဲ့ Description ကပိုပြီး ထင်ရှားစေမှာပေါ့။ စာအုပ်တစ်အုပ် ကောင်းတယ်လို့ ၁၀ ယောက်လောက်က ၀ိုင်းပြောလိုက်ရင် ဖတ်ချင်တဲ့သူ ပိုများသွားမှာပေါ့။ စိတ်ဝင်စားရာ သန်ရာသန်ရာ လေးတွေကို အလွယ်တကူ ရှာလို့ ရနိုင်မယ် ထင်လို့ ကျွန်တော် ဒီကိစ္စကို စီစဉ်ရခြင်းပဲ ဖြစ်ပါတယ်။ ကျေနပ်နှစ်သိမ့်နိုင် ကြလိမ့်မယ်လို့လဲ ထင်ပါတယ်။ ဒါဟာ ကျွန်တော် လုပ်ပေးနိုင်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်လို့ တင်ပြပေးထားတာပါ။ နောက်ပိုင်းမှာတော့ သတင်းကဏ္ဍအားကစားကဏ္ဍဖက်ရှင်ကဏ္ဍ တွေမှာ Blogger များရဲ့ ပံ့ပိုးမှုများ လိုအပ်လာမယ်လို့ ထင်ပါတယ်။ သဘောကတော့ဗျာ မန္တလေးဆိုပါတော့။ မန္တလေး သတင်းကို ကျွန်တော်က ရှာမယ် ပေးချင်တဲ့ Blogger ရှိရင် သူ့ဆီကနေ Link ချိတ်မယ်။ သူ့နာမည်ရေးထားမယ် Direct Link ပေးမယ်။ အဲဒီလိုပဲ ဆောင်းပါးတွေ ကဗျာတွေ အားလုံးကို အလျည်းသင့်သလို တင်ဆက်သွားမယ်။ အဲဒါလေးကိုလဲ စဉ်းစား ပေးစေလိုပါတယ်။ အားလုံးပဲ ကျွန်တော်နဲ့ အတူ ပူးပေါင်းပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ တခြားထင်မြင်ချက်လေးတွေ ရှိရင်လည်း ပြောပြပေးပါလို့ တောင်းဆိုလိုက် ပါတယ်။ ဒီ Post လေးကိုလဲ လက်လှမ်းမှီရာ Blogger များကို ဖြန့်ဝေပေးခြင်းဖြင့် ကျွန်တော့ကို အသိအမှတ် ပြုပေးပါလို့ တောင်းဆိုလိုက်ပါရစေ ခင်ဗျား။

8 comments:

ရွက်ဝါ said...

စိတ်ကူးကောင်းလေးလို့ ထင်ပါတယ်။ အရည်အချင်းရှိတဲ့ ဘလော့ဂါ ကိုကို၊ မမ တွေအားလုံး ၀ိုင်းပြီးကူညီကြရင် ပိုကောင်းမယ်ထင်တယ်။ ကူညီနိုင်တာရှိရင်ကူညီမယ်ဗျာ။ ဒါပေမယ့် ကိုယ့်ကိုကိုယ် အထင်ကြီးစရာ ဘာအရည်အချင်းမှ မတွေ့တာခက်တယ်။ လောလောဆယ်တော့ ဒီပို့စ်လေးကို သူငယ်ချင်းတွေကို ပြောပြပြီး ကြော်ငြာထုတ်ပေးမယ်။

Mg Ba Oo (Mandalay) said...

စိတ်ကူးကောင်းပါတယ် ... အကောင်အထည်ပေါ်ဖို့ ကူညီနိုင်သလောက် ကူညီပေးမှာပါ ......

Moesat said...

ှိုIdea လေးကြိုက်တယ်ဗျာ။ ကျွန်တော့်ဘလောဒ့်မှာ link လေးချိတ်ပြီးပေးထားချင်ပါတယ်။ အခုလို Blogger တွေအတွက် စဉ်းစားပေးတာ အရမ်းကောင်းတယ်ဗျာ။

zeRoTraSh said...

ကျွန်တော် မဖြစ်ဖြစ်အောင် လုပ်မယ်လို့ စိတ်ကူးထားပါတယ်
အားလုံး ၀ိုင်းကူညီရင် ဖြစ်သွားမှာပါ

Saturngod said...

ကျွန်တော်လည်း အဲလို စိတ်ကူးရှိပါတယ်.. အခု list က ၂၀၀ ကျော်နေပြီ... တတ်နိုင်သလောက် စုပြီးရင်တော့ public ချလိုက်ပြီး တဆင့်တဆင့် ဝိုင်းထည့်မှ ဖြစ်မယ်ထင်တယ်... ဘာဖြစ်လို့လည်းဆိုတော့ အရမ်းများတယ်ဗျ... ထပ်လည်း များလာအုံးမှာ.. category ခွဲမယ်ဆိုရင်တော့ ခက်မယ်ထင်တယ်.. blog က စိတ်စေရာလိုက်ပြီး ဗျောက်သောက်တွေ ဖြစ်တာများတယ်.. စိတ်ထဲက ထွက်တဲ့အတိုင်းရေးတဲ့လူများတယ်.. နည်းပညာပိုင်းကြီး သီးသန့်တို့ ကဗျာကြီး သီးသန့် ရေးတဲ့လူရှိသလို စိတ်ပေါ်တဲ့ အတိုင်း ရေးတဲ့လူတွေရှိတာပဲ.. အဲဒါကြောင့် နည်းနည်းတော့ ခက်မယ်ထင်တယ်... အကောင်းဆုံးက blogger တွေကိုပဲ ဘာ site လည်းဆိုတာ ဆုံးဖြတ် ခိုင်းတာ ပိုသင့်တော်မယ်ထင်တယ်..

Zaw Htet said...

ကျွန်တော်လည်းအကို့လိုပါပဲဗျာ
Blog လေးတွေကိုစူစူစည်းစည်း
ဖြစ်စေချင်ပါတယ်...
ကူညီပါံမယ်အချိန်ရရင်

kay said...

ကောင်းပါတယ်ကိုဖိုးဝ...ညီလင်းဆက်တို့ပြောတဲ့..portal ပုံစံမျိုးပေါ့။ ကျမနားလည်တာတော့..online journal ထဲမှာမှ..bloggerထဲ့မဲ့သဘောပေါ့။ မြန်မာအွန်လိုင်းမီဒီယာ တခုအောင်အောင်မြင်မြင်ဖြစ်မယ်ဆိုရင်..တကယ်ဝမ်းသာဂုဏ်ယူရမှာပါ။ ဆက်လက်ဖြန့်ဖြူးပေးပါ့မယ်။ ဒါပေမဲ့..အပေါ်က..စေတန်ဂေါ့ပြောသလို..ဘလော့ဆိုတာ..စိတ်ကူးမိသလိုရေးထားတာတွေဆိုတော့..နောက်ပီး..တကယ်လျှောက်ဖတ်နိုင်မဲ့အယ်ဒီတာလိုမှာပေါ့..လိုတာရှိရင်ပြောပါကူညီပါမယ်

Anonymous said...

ဖိုးဝ အိုင်ဒီယာကို သဘောကျပါတယ် မအားလို့ ခုမှ ကော်မက်ရေးရတာ အားနာတယ်။

ကဏ္ဍတွေအတွက်က ခွဲဖို့ ခက်လိမ့်မယ်ထင်တယ် ကြိုးစားကြည့်ကြတာပေါ့ လူတိုင်းက ရေးချင်တာ ရေးနေကြတာဆိုတော့ သီးသန့် တစ်လိုင်းတည်းက နည်းကြတယ်...